Events

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ရေထွက်ကုန်လုပ်ငန်းကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Updated At: 2023-09-27 22:12:13

            အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ရေထွက်ကုန်လုပ်ငန်းကဏ္ဍ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရေထွက်ကုန်လုပ်ငန်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း ( ၂၆ ) ဦး တက်ရောက်ခဲ့ကြပါသည်။

             အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရေထွက်ကုန်လုပ်ငန်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို Update ပြုလုပ်ရန်၊ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါလုပ်ငန်းစဉ်များအပေါ် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ပြင်ဆင်ဖြည့်စွက်လိုသည်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ ‌ရေထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် အစိုးရဌာနဆိုင်ရာများမှ ပံ့ပိုးဆောင်ရွက်ပေးရန်၊ ရောင်းအားကောင်းပြီး ဈေးကွက်ဝင်သည့် ငါးမျိုးစိတ်များကို ရွေးချယ်မွေးမြူသွားရန်နှင့် ယခုနှစ်အတွက် ရေထွက်ကုန်တင်ပို့ရန် လျာထားချက်ကိုပြည်မီအောင်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ(၁၆:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။