Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ အကောင်အထည် ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-09-26 22:08:33
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနများ၊ အသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ စုစုပေါင်း ( ၂၇ ) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အစည်းအဝေးသို့ တက်ရောက်လာကြ သူများက ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို Update ပြုလုပ်ရန်၊ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါလုပ်ငန်း စဉ်များအပေါ်တွင် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များမှ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြန်လည်ရွေးချယ်၍ အကောင်အထည်ဖော်သွားရန်စသည်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဆောင်ရွက်မည့် အစီအစဉ်၊ အချိန်ကာလနှင့် ကုန်ကျစရိတ်စသည်တို့ကို အသေးစိတ်သုံးသပ်ဆွေးနွေးပြီး PoA ကို Update ပြုလုပ်ရာတွင် ကော်မတီ ဥက္ကဋ္ဌဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ အစည်းအဝေးခေါ်ယူဆောင်ရွက်ရန်နှင့် ကော်မတီတွင် လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဦးဆောင်အကောင်အထည်ဖော်သည့် ဌာနများကို ပါဝင်ထည့်သွင်းဖွဲ့စည်းသွားရန်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026