Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ရော်ဘာလုပ်ငန်းကဏ္ဍ အကောင်အထည် ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-09-29 19:30:18
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ရော်ဘာလုပ်ငန်းကဏ္ဍ အကောင်အထည် ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မဟာဗျူဟာကုန်သွယ်မှုမြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရော်ဘာလုပ်ငန်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၂၄) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ မဟာဗျူဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သီတာဝင်းဌေးက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက ရော်ဘာလုပ်ငန်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များကို ပြင်ဆင်/ဖြည့်စွက်ရန်၊ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါလုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ရော်ဘာကဏ္ဍ တွင် လက်ရှိဆောင်ရွက်နေသည်များကို ကဏ္ဍ၏ လုပ်ငန်းစီမံချက်တွင် ထည့်သွင်းအကောင်အထည် ဖော်ရန်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ရော်ဘာကဏ္ဍတွင် စိုက်ဧကတိုးတက်လာသော်လည်း ပို့ကုန်ပမာဏ လျော့ကျလာခြင်းကြောင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာရန်၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာပင်မလုပ်ငန်းစီမံချက် (Rubber Master Plan) ကို အမျိုးသားပို့ကုန်မဟာဗျူဟာနှင့် ချိတ်ဆက်ပြီးရေးဆွဲသွားရန်၊ ရော်ဘာကုန်သွယ်မှုပမာဏ တိုးလာစေရန်အတွက်အစိုးရမှ ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးသွားရန်၊ အောက်တိုဘာလ၌ကျင်းပမည့် ရော်ဘာဖိုရမ်တွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများအားလုံးကို တင်ပြပေးသွားရန်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026