Events
"Coconut Value Chain Development of ACMECs Countries" အလုပ်ရုံဆွေးနွေးပွဲကို အက်ခ်မက်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်၍ ကျင်းပခြင်း။
Updated At: 2024-05-31 15:26:14
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ အက်ခ်မက်-ကိုရီးယား (ACMECS-ROK) ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း” အစီအစဉ်အရ "Coconut Value Chain Development of ACMECs Countries" အလုပ်ရုံဆွေးနွေးပွဲကို အက်ခ်မက်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်၍ PARKROYAL Hotel နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ ဒေါ်စန်းစန်းဟန်တို့က အမှာစကားအသီးသီးပြောကြားခဲ့ ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအပါအဝင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၃ ဦးတက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များက မိမိတို့နိုင်ငံ အလိုက် အုန်းစိုက်ပျိုးထုတ်လုပ်မှု၊ အုန်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချမှု၊ အုန်းစိုက် တောင်သူများသို့ ပံ့ပိုးဆောင်ရွက်ပေးမှုစသည်တို့ကို ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံအလိုက်ဆွေးနွေးခဲ့မှုများအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခြင်းနှင့် အုန်းသီးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၁၆:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမျှော်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် မိမိတို့ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်ပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026