Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်းကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-10-09 16:32:24

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်းကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မဟာဗျူဟာကုန် သွယ်မှုမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၁၉) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မဟာဗျူဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သီတာဝင်းဌေးက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင် အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဆောင်ရွက်မည့်ကာလကို ပြင်ဆင်သတ်မှတ်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဆောင်ရွက် နေမှုအခြေအနေများကို သိရှိစေရန်အတွက် ဦးဆောင်ဌာန/အဖွဲ့အစည်းနှင့် အထောက်အကူပြု ဌာန/ အဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်ရန်၊ လုပ်ငန်းစီမံချက်တွင် ဖော်ပြထားသည့် မိတ်ဖက် အဖွဲ့အစည်းများတွင် ဝန်ကြီးဌာနအမည်များအစား သက်ဆိုင်သည့်ဌာနအမည်ကို သတ်မှတ်ဖော်ပြ ရန်၊ လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်းကဏ္ဍ အစည်းအဝေးကို ကဏ္ဍကော်မတီဥက္ကဋ္ဌက ဦးဆောင်၍ ထပ်မံခေါ်ယူဆွေးနွေးရန်နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကိုဖိတ်ကြားသွားရန်၊ လျှပ်စစ်နှင့်အီလက်ထရောနစ်အသင်း (MEEA) ၏ လက်ရှိရပ်တည်ဆောင်ရွက်မှုများကို Update ပြုလုပ်ပေးရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025