Events
“အုန်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း” ကျင်းပခြင်း
Updated At: 2024-06-05 18:52:06
အက်ခ်မက်-ကိုရီးယား (ACMECS-ROK) ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက်အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်းအစီအစဉ်ဖြင့် “အုန်းစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးသင်တန်း” ကို ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များဖြင့် ရန်ကုန် မြို့၊ Pan Pacific Hotel တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
သင်တန်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့မှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းနှင့် ထိုင်းနိုင်ငံ Prachuap Khirikhan ကုန်သည်စက်မှုအသင်းမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Amnaj Maneedang တို့က အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ အုန်းစိုက်ပျိုး ထုတ်လုပ်သူများ အသင်းတို့မှ ကိုယ်စားလှယ်များ၊ စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ထိုင်းနိုင်ငံ Prachuap Khirikhan ကုန်သည်စက်မှုအသင်းမှ ကျွမ်းကျင် ပညာရှင်များက ထိုင်းနိုင်ငံ၏ အုန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များ၊ အုန်းပင်များ တွင် ကျရောက်တတ်သည့် ပိုးမွှားများအကြောင်းနှင့် ကာကွယ်ရန်နည်းလမ်းများ၊ ထိုင်းနိုင်ငံတွင် အုန်းအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နေမှုနှင့် ပြည်ပသို့ စျေးကွက်တိုးချဲ့ တင်ပို့ နိုင်မည့်လမ်းကြောင်းများစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပါဝင်သော လေ့လာရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ယင်းကဒစ်ကျေးရွာရှိ အုန်းချိုမွှေးစိုက်ပျိုးသည့်ခြံများသို့လည်းကောင်း၊ ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြဧရာ ကုမ္ပဏီ၏ အုန်းထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံသို့လည်းကောင်း သွားရောက်လေ့လာ ကြမည်ဖြစ်ပါသည်။

More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ