Events
( ၇ )ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Updated At: 2023-08-07 10:07:02

တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်သည့် ကုန်စည်ပြပွဲများ၌ မြန်မာနိုင်ငံမှ နှစ်စဉ်ပါဝင် ပြသလျက်ရှိရာ (၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲတွင်လည်း မြန်မာနိုင်ငံမှပါဝင်ပြသမည် ဖြစ်ပါသည်။ အဆိုပါကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၎င်းကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက် Country of Honor အဖြစ် ပါဝင်ပြသမည်ဖြစ်ပြီး ပထမအကြိမ် Country of Honor အဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည့် ( ၅ )ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံကပါဝင် ပြသခဲ့သည်။
ယခုနှစ်တွင် ကုန်စည်ပြပွဲနှင့်ဆက်စပ်၍ ဖိုရမ်(၁၀)ခုကျော်ကိုတပြိုင်တည်းကျင်းပသွားမည်ဖြစ်ပြီး (၁၆)ကြိမ်မြောက် တရုတ်-တောင်အာရှစီးပွားရေးဖိုရမ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က အလှည့်ကျဥက္ကဋ္ဌ အဖြစ် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် မဲခေါင်မြစ်ဝှမ်းဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/တိုင်းအဆင့်ခေါင်းဆောင်များဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ တက်ရောက်ကြမည်ဖြစ်ပါသည်။
ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်စုစုပေါင်း(၁၀၀)ကျော်တို့က မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများအား ပါဝင်ပြသကြမည်ဖြစ်ပြီး ဆက်စပ်စီးပွားရေးဖိုရမ်များသို့ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
(မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)
Event Details
- Date
- 16th to 20th August
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Dianchi Internatonal Convention and Exhibition Center
- Website
- www.myantrade.gov.mm
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025