Events
မြန်မာ - ရုရှား၊ မြန်မာ - ဘယ်လာရုစ် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Updated At: 2025-07-17 16:05:04

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ မြန်မာ - ရုရှား၊ မြန်မာ - ဘယ်လာရုစ် နိုင်ငံများအကြား ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံရှိ စီးပွားရေးသံမှူး၊ သက်ဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ ၂၃ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ ထုတ်လုပ်သည့် ဓာတ်မြေဩဇာများအား မြန်မာနိုင်ငံမှ ဝယ်ယူနိုင်ရေးနှင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ၊ မှတ်ပုံတင်နိုင်ရေးကိစ္စများ၊ စံသတ်မှတ်ချက်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များအကြား ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံရှိ စီးပွားရေးသံမှူးမှ လိုအပ်သည်များ ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
မဟာဗျုဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025