Events
(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်ရာမြို့- City of Charm အဖြစ် ပါဝင်ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Updated At: 2025-07-24 16:11:20

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့-City of Charm အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အား ပါဝင်ပြသသွားနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို Zoom Meeting စနစ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံ၏နှစ်လိုဖွယ်ရာမြို့အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အား ခမ်းနားထည်ဝါစွာ ပါဝင်ပြသသွားနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေအား ဦးစွာရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက တင်ပြချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကာ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရမည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့