Events
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ၂၀၂၃ ခုနှစ်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆန်ရောင်းဝယ်ရေးစာချုပ် (Sale Contract) ချုပ်ဆိုနိုင်ရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ တက်ရောက်
Updated At: 2023-12-21 16:15:22
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်၊ နံနက် ၁၁:၃၀ နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆန်ရောင်းဝယ်ရေးစာချုပ် (Sale Contract) ချုပ်ဆိုနိုင်ရေးဆိုင်ရာ အွန်လိုင်း ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် G to G အစီအစဉ်ဖြင့် ဆန် ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU on Rice Trade) အရ ပထမအကြိမ်အဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်းမြင့်ဆန် တန်ချိန် (၁) သိန်း တင်ပို့နိုင်ခဲ့ပါသည်။ ထို့အပြင် ဒုတိယအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့အကြား ဆန်အရောင်းအဝယ်စာချုပ်ချုပ်ဆို၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့ဆန်ဖြူ တန်ချိန် (၁) သိန်းအား ထပ်မံတင်ပို့နိုင်ခဲ့ပါသည်။
တတိယအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့အထိ ဆန်တန်ချိန် (၂) သိန်း တင်ပို့နိုင်ရန်လုပ်ငန်းစဉ်များအားလုံးကို စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျအောင်မြင်စွာ တင်ပို့ဆောင်ရွက်ပြီးဖြစ်ပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တင်ပြချက်အရ သိရှိရပါသည်။
ယခုဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့အကြား စတုတ္ထအကြိမ်မြောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်အတွက် တင်ပို့ရောင်းချမည့် ဆန်တန်ချိန် (၁) သိန်းနှင့် စပ်လျဉ်းပြီး အရည်အသွေးသတ်မှတ်ချက်များ၊ သင်္ဘောတင်ပို့နိုင်မည့် ကာလသတ်မှတ်ချက်များ၊ ဆန်အရောင်းအဝယ်ပြုလုပ်မည့် ဈေးနှုန်းတို့နှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ နှစ်ဖက်ညှိနှိုင်းဆွေးနွေးချက်များအရ အရောင်းအဝယ် စာချုပ်(Sale Contract)ချုပ်ဆိုနိုင်ရေး ထပ်မံညှိနှိုင်းရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။


More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ