Events
အုန်းအခြေခံထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Updated At: 2024-02-16 23:31:20
အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက်အဆင့်မြှင့်တင်ထုတ် လုပ်ခြင်းစီမံကိန်းအစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျင်းပဆောင်ရွက်နေသည့် အုန်းအခြေခံထုတ်ကုန်ပစ္စည်းများပြပွဲနှင့်ပြိုင်ပွဲ၏ ဒုတိယနေ့အစီအစဉ်အဖြစ် ပြိုင်ပွဲဝင်ထုတ်ကုန်များ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပြပွဲခင်းကျင်းပြသည့်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ပထဦးစွာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်ထုတ်ကုန်များအနက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် ထုတ်ကုန်ပစ္စည်းများအတွက် ဆုချီးမြှင့်ပေးအပ်ခဲ့ရာ ပထမဆုရရှိသည့် Co Co Light House ကုမ္ပဏီ၏ Virgin Coconut Oil ထုတ်ကုန်၊ ဒုတိယဆုရရှိသည့်Mr. Polar King လုပ်ငန်းမှထုတ်လုပ်သော အုန်းစိမ်းရေခဲမုန့်နှင့် တတိယဆုရရှိသည့် Co Co Craft လုပ်ငန်း၏ အုန်းမှုတ်ခွံပင့်ကူအိမ်မီးဆိုင်းတို့အတွက် ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးချုပ်က နှစ်သိမ့်ဆုရရှိသည့် အာရောဂျံလုပ်ငန်းစုမှထုတ်လုပ်သော Coconut Vinegar နှင့် ရွှေတန်ခူးကုမ္ပဏီ၏ အုန်းချိုမွှေးထုတ်ကုန်တို့အတွက်လည်းကောင်း၊ ပြခန်းဆုရရှိသည့် Alloy ကုမ္ပဏီအားလည်းကောင်း ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ပါသည်။ အစီအစဉ်အရ ပြိုင်ပွဲဝင်ထုတ်ကုန်များအတွက် ဒုတိယဆုရရှိသည့် Mr. Polar King ကုမ္ပဏီမှ ဦးမြင့်ဝင်းက ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကားပြောကြာပြီး အခမ်းအနားကို နံနက်(၉:၀၅)တွင်ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026