Events
Stakeholder Symposium အစည်းအဝေးကျင်းပခြင်း
Updated At: 2020-12-15 21:53:45
Stakeholder Symposium အစည်းအဝေးကျင်းပခြင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့သည် နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန(ITC) နှင့် ပူးပေါင်း၍ UK နိုင်ငံ အစိုးရ DFID အဖွဲ့အစည်း၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ကိုလည်းကောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အချို့တွင်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ မှ ကျင်းပပြုလုပ်မည့်အမျိုးသား ပို့ကုန် မဟာဗျူဟာ NES ၏ ပထမအကြိမ် Stakeholder Symposium ၂၀၂၀-၂၀၂၅ ကို UMFCCI ၏မင်္ဂလာခန်းမ၌ ၂၀၁၉ခုနှစ်၊မတ်လ (၁၅)ရက်နေ့နံနက် ၈:၃၀နာရီမှ ညနေ၁၆:၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းဆွေးနွေးပွဲတွင် ဒုတိယသမ္မတ-၁ မှ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းမှာ အမျိုး သားပို့ကုန် မဟာဗျူဟာ၏ ( ၂၀၂၀-၂၀၂၅ ) စီမံကိန်းကာလအတွင်း ရွေးချယ်ထားသော တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရန်၊ ဆင်းရဲမှုလျော့ချရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်ဝင်ငွေတိုးမြင့်ရရှိရေးတို့အတွက် အမျိုးသားအဆင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး မဟာ ဗျူဟာ (Myanmar Investment Promotion Plan-MIPP) နှင့်အညီ ဦးစားပေးပို့ကုန်ကဏ္ဍတစ်ခုချင်း အလိုက် ရင်းနှီးမြှုပ်နှံမှုများရရှိအောင်ဆောင်ရွက်သွား နိုင်ရန် အဖွင့်အမှာစကားပြောကြားသွားပါသည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးနှင့်ဌာနဆိုင်ရာအသီးသီးမှအဆင့်မြင့်အရာရှိများ၊ ပြည်ထောင် စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်း ရေးမှူးနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန မှ Senior Adviser Mr.Charles Roberge နှင့်ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
NES Unit

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026