Events
မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (TIP) စီမံကိန်းကဏ္ဍအလိုက်အကောင်အထည် ဖော်ဆောင်ရေးကော်မတီအစည်းအဝေးကျင်းပခြင်း
Updated At: 2020-12-15 21:33:37
မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (TIP) စီမံကိန်းကဏ္ဍအလိုက်အကောင်အထည် ဖော်ဆောင်ရေးကော်မတီအစည်းအဝေးကျင်းပခြင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့သည် နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန(ITC) နှင့် ပူးပေါင်း၍ UK နိုင်ငံ အစိုးရ DFIDအဖွဲ့အစည်း၏ရန်ပုံငွေပံ့ပိုးမှုဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် လည်းကောင်း၊ မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (TIP) ကို ၂၀၁၉ ခုနှစ်၊ (၁၂.၃. ၂၀၁၉) ရက်နေ့မှ (၁၄.၃.၂၀၁၉) ရက်နေ့အထိ နံနက် (၉:၀၀) နာရီ မှ ညနေ (၁၆:၀၀) အထိ ရန်ကုန်မြို့၊ UMFCCI ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့်အသင်းအဖွဲ့များမှတာ၀န်ရှိသူများ၊ နိုင်ငံ တကာကုန်သွယ်မှုဗဟိုဌာနမှ Senior Adviser Mr.Charles Roberge နှင့်ကျွမ်းကျင် ပညာရှင်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံ၏ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်တာကာလ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၂၀၂၀-၂၀၂၅ စီမံချက်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ရန်နှင့် NES တွင်ပါဝင်သော ကဏ္ဍများ၏ Plan of Action များတွင် ပါရှိသည့် ဆောင်ရွက်ချက်များကို ဆက်လက်လုပ်ဆောင်ရန် ရှိ/မရှိ နှင့် ထပ်မံထည့်သွင်းလိုသည့် အချက်များကို Update လုပ်ဆောင်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
NES Unit

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026