Events
“စီးပွားရေးလုပ်ငန်း အစီအစဉ်များရေးဆွဲခြင်းနှင့် ကုန်သွယ်မှုပြုနိုင်ရေး စီးပွားရေးစီမံခန့်ခွဲ့မှု သင်တန်း” တတိယနေ့အစီအစဉ် ဆက်လက်ကျင်းပခြင်း။
Updated At: 2023-11-19 10:20:26

အက်ခ်မက်-ကိုရီးယားစီမံကိန်း၏ စတုတ္ထအကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့် “စီးပွားရေး လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းနှင့် ကုန်သွယ်မှုပြုနိုင်ရေးစီးပွားရေးစီမံခန့်ခွဲ့မှုသင်တန်း” ၏ တတိယနေ့သင်တန်း အစီအစဉ်များကို ရန်ကုန်မြို့၊ SMEBi University ရှိ သင်တန်းခန်းမတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ဆက်လက်ကျင်းပခဲ့ပါ သည်။
သင်တန်းတတိယနေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက သင်တန်းဒုတိယပိုင်းအစီအစဉ်ဖြစ်သည့် စီးပွားရေးစီမံခန့်ခွဲ့မှု သင်တန်းဖွင့်လှစ်ခြင်းအတွက် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြဖြစ်သည့် ဦးထိန်လင်း၊ Business Coach and Consultant က စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နှင့် သက်ဆိုင်သည့် စီးပွားရေးတစ်ခုအောင်မြင်ရန် လိုအပ်သောအချက်များဖြစ်သော စီးပွားရေး နယ်ပယ်ကို ဆန်းစစ်လေ့လာခြင်း၊ ဈေးကွက်ရှာဖွေခြင်းနှင့် ရောင်းအားတိုးတက်စေခြင်း၊ ဈေးကွက်သုတေသနပြုလုပ်ခြင်းနှင့် ဈေးကွက်နည်းဗျူဟာအသုံးပြုနည်းများ၊ ဈေးကွက်ယှဉ်ပြိုင်မှုနှင့် ဆန်းစစ်နည်းများစသည်တို့ကို Group Discussions ပြုလုပ်ခြင်းနှင့် လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများဖြင့် ဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းအစီအစဉ်ကို ၁၇:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
More Events
Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ကျင်းပမည်
Date: 17th to 18th November, 2025
Medical Fair India 2025 ပြပွဲ ကျင်းပမည်
Date: 27th to 29 th March, 2025