Events

“စီးပွားရေးလုပ်ငန်း အစီအစဉ်များရေးဆွဲခြင်းနှင့် ကုန်သွယ်မှုပြုနိုင်ရေး စီးပွားရေးစီမံခန့်ခွဲ့မှု သင်တန်း” စတုတ္ထနေ့အစီအစဉ် ဆက်လက်ကျင်းပခြင်း။

Updated At: 2023-11-19 11:21:15

2

          အက်ခ်မက်-ကိုရီးယားစီမံကိန်း၏ စတုတ္ထအကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့် “စီးပွားရေး လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းနှင့် ကုန်သွယ်မှုပြုနိုင်ရေးစီးပွားရေးစီမံခန့်ခွဲ့မှုသင်တန်း” ၏ စတုတ္ထနေ့ သင်တန်းအစီအစဉ်များကို ရန်ကုန်မြို့၊ SMEBi University ရှိ သင်တန်းခန်းမတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ဆက်လက်ကျင်းပခဲ့ပါသည်။

          သင်တန်းစတုတ္ထနေ့တွင် သင်တန်းနည်းပြဖြစ်သည့် ဦးထိန်လင်း၊ Business Coach and Consultant က စီးပွားရေးတစ်ခုလုပ်ဆောင်ရာတွင် အရောင်းအဝယ်ဖြစ်အောင် ဆောင်ရွက်နိုင်မည့်နည်းစနစ်များ၊ ထိရောက်သောအဖွဲ့ ဖွဲ့စည်းပြီး ဝန်ထမ်းများရွေးချယ်ခန့်အပ်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်း၊ ကုန်ပစ္စည်းများ စနစ်တကျထားသိုခြင်းနှင့် အဝင်အထွက်ကို စနစ်တကျထိန်းချုပ်ခြင်း၊ ငွေကြေးလည်ပတ်မှုနှင့် အမြတ်တွက်ချက်နည်းများကို သင်တန်းသားများ စိတ်ဝင်စားအောင် Group Discussions ပြုလုပ်ခြင်း၊ လက်တွေ့လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် အမေးအဖြေပြုလုပ်ခြင်းများဖြင့် ဆွေးနွေးပို့ချပေးခဲ့ပါသည်။

          ထို့နောက် ညနေ ၁၆:၃၀ နာရီအချိန်တွင် သင်တန်းဆင်းပွဲကို ကျင်းပြုလုပ်ခဲ့ပြီး သင်တန်းသားများအား သင်တန်းပြီးမြောက်သည့် လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းဆင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး သင်တန်းအစီအစဉ်ကို ၁၇:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

                                                                                                                                မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့