Events
ဆိုးလ်မြို့ကော်ဖီပြပွဲ (Coffee Expo Seoul 2025) ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-09-04 16:27:36
တောင်ကိုရီးယားနိုင်ငံရှိ ညီလာခံများနှင့် ပြပွဲများ ကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) နှင့် ကိုရီးယားကော်ဖီအသင်း (Korea Coffee Association – KCA) တို့ ပူးပေါင်း၍ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ဆိုးလ်မြို့ကော်ဖီပြပွဲ (Coffee Expo Seoul 2025) ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံအား ပြပွဲ၏တရားဝင်ဖိတ်ကြားခံရသော ဧည့်နိုင်ငံ (Guest Country) အဖြစ် ပါဝင်စေလိုပါကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲသို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ ဧည့်နိုင်ငံအဖြစ် ပါဝင်လိုပါက အဆိုပြုလွှာတစ်စောင်နှင့်တကွ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။
ကော်ဖီသောက်သုံးမှုမြှင့်မားသော တောင်ကိုရီးယားကော်ဖီဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လိုသည့် မြန်မာနိုင်ငံမှစိတ်ဝင်စားသည့် ကော်ဖီလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ Email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026