Events
(၂၅) ကြိမ်မြောက် နယ်စပ်ကုန်သွယ်ရေးနှင့်ခရီးသွားလာရေးကုန်စည်ပြပွဲ (The 25th Border Trade and Tourism Fair ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-08-29 12:09:46
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ စစ်ဆောင်ပနားပြည်နယ်ခွဲ၊ jinghong မြို့တွင် ၁-၁၀-၂၀၂၄ ရက်နေ့မှ ၇-၁၀-၂၀၂၄ ရက်နေ့အထိ The 25th Border Trade and Tourism Fair ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၊ နယ်နိမိတ် ၉ ခု ပူးပေါင်းဆောင်ရွက်မှုယန္တရား အစည်းအဝေးကို စတင်အကောင်အထည်ဖော်ချိန်မှစတင်၍ နိုင်ငံအားလုံးသည် ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် အခြားကဏ္ဍများတွင် အပြန်အလှန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်တစ်လျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်။
အထက်ပါပြပွဲတွင် မြန်မာနိုင်ငံ၊ ကျိုင်းတုံမြို့မှ ပြခန်း (၅) ခန်း အခမဲ့ခင်းကျင်းပြသနိုင်ကြောင်းနှင့် ကျိုင်းတုံမြို့ရှိ ကုမ္ပဏီများအနေဖြင့် ပြခန်းပိုမိုရရှိလိုပါက ပြခန်းစီစဉ်သူများနှင့် ညှိနှိုင်းနိုင်ကြောင်း၊ ကုန်စည်ပြပွဲသို့ ပါဝင်ပြသနိုင်ရေးအတွက် ကျိုင်းတုံမြို့မှ သက်ဆိုင်ရာစီးပွားရေးဌာနအနေဖြင့် ကိုယ်စားလှယ်များ ဖွဲ့စည်းပေးစေလိုပါကြောင်း၊ ပြပွဲတွင် ပါဝင်ပြသမည့် ကိုယ်စားလှယ်များအနေဖြင့် ခရီးသွားလာစရိတ်အပါအဝင် နေထိုင်စားသောက်စရိတ်တို့ကို မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်သည်။
ကုန်စည်ပြပွဲနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက HAN Xiao စကားပြောကြေးနန်းအမှတ် - ၀၀၈၆၆ ၉၁၂၁၄၄၂၂၀ ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းနှင့် ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026