Events
ပါကစ္စတန်နိုင်ငံ၊ Expo Centre Karachi တွင် 2nd Food and Agriculture ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-07-05 16:04:05
ပါကစ္စတန်နိုင်ငံရှိ ကုန်သွယ်မှုဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (TDAP) ၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပါကစ္စတန်နိုင်ငံ၊ Expo Centre Karachi တွင် ကျင်းပ ပြုလုပ်မည့် 2nd Food and Agriculture ပြပွဲသို့ မြန်မာနိုင်ငံမှ အစားအသောက်နှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း သတင်းရရှိသည်။
FoodAg 2024 ပြပွဲကို “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို တည်ဆောက်ရန်” ဟူသော ဆောင်ပုဒ်ဖြင့် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ပါဝင်ပြသသူများ၊ စီးပွားရေးကိုယ်စားလှယ်များနှင့် ပါကစ္စတန်နိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များအကြား အစားအစာနှင့်ပတ်သက်သော ဆန်းသစ်သည့် အတွေးအမြင်များနှင့်အတူ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို အတူတကွ တည်ဆောက်သွားနိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ