Events
အိန္ဒိယသမ္မတနိုင်ငံ၊ Greater Noida မြို့၊ India Expo Mart တွင် (၈) ကြိမ်မြောက် အစားအစာနှင့် အဖျော်ယမကာပြပွဲ (8th Edition of Indusfood 2025) ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-07-08 14:15:46
အိန္ဒိယသမ္မတနိုင်ငံ၊ Greater Noida မြို့၊ India Expo Mart ၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၈) ကြိမ်မြောက် အစားအစာနှင့်အဖျော်ယမကာပြပွဲ (8th Edition of Indusfood 2025) ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြပွဲသည် အာရှဒေသတွင် အစားအစာနှင့်အဖျော်ယမကာထုတ်ကုန်များအတွက် အကောင်းမွန်ဆုံးဈေးကွက်နေရာတစ်ခုဖြစ်ပြီး အစားအစာနှင့်အဖျော်ယမကာထုတ်ကုန်အုပ်စု အမျိုးအစားပေါင်း ၂၀ ကျော် ပါဝင်ပြသမည်ဖြစ်၍ ကြိုတင်စိစစ်ရွေးချယ်ထားသည့် ပြည်တွင်း၊ ပြည်ပမှ တင်သွင်းသူ၊ ကုန်သည်ကြီးများနှင့် လက်လီလုပ်ငန်းရှင်ကြီးများ စုစုပေါင်း ၇,၀၀၀ ခန့် ပါဝင်တက်ရောက်ကြမည်ဖြစ်သည်။
ထုတ်လုပ်သူနှင့်ဝယ်ယူသူများအကြား ချိတ်ဆက်မှုများ လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ အဆိုပါ (၈) ကြိမ်မြောက် အစားအစာနှင့်အဖျော်ယမကာပြပွဲ ၂၀၂၅ တွင် ပါဝင်ပြသမည်ဆိုပါက Raw Space (၁) စတုရန်းမီတာအတွက် အမေရိကန်ဒေါ်လာ ၃၈၀ နှင့် အခွန် ၁၈ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
Trade Promotion Council of India (TPCI) ၏ Joint Director နှင့် မြန်မာသံရုံးမှ စီးပွားရေးသံမှူးတို့အကြား ပြခန်းနှုန်းထားများနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ၏ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြစ်သဖြင့် လျော့ချပေး၍မရကြောင်း၊ မြန်မာနိုင်ငံဘက်မှ ပါဝင်ပြသမည့် လုပ်ငန်းရှင်များအတွက် တည်းခိုနေထိုင်ရေးနှင့် ပြပွဲကာလအတွင်း သွားလာမှုများ(လေယာဉ်စရိတ်မပါ)အတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်သွားပေးမည်ဖြစ်ပြီး ဝယ်ယူလိုသူအဖြစ် တက်ရောက်သူများကိုလည်း စိစစ်ရွေးချယ်၍ လေယာဉ်စရိတ် အပါအဝင် တည်းခိုနေထိုင်စရိတ်များကို ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ယင်းပြပွဲသို့ လေ့လာသူအဖြစ် တက်ရောက်လိုသည့် Start-Up လုပ်ငန်းရှင်အချို့အတွက်ကိုလည်း မြန်မာသံရုံးမှ ထောက်ခံပါက တည်းခိုနေထိုင်စရိတ်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် နယူးဒေလီမြို့၌ ၉-၁-၂၀၂၅ ရက်မှ ၁၁-၁-၂၀၂၅ ရက်တွင် ကျင်းပမည့် Indusfood Manufacturing 2025 သို့ သွားရောက်လေ့လာနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025