Events
ဟောင်ကောင်ဒေသ နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ-၂၀၂၅ ကျင်းပပြုလုပ်မည်
Updated At: 2024-12-06 15:41:34
ဟောင်ကောင်မြို့၊ Hong Kong Convention and Exhibition Centre ၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဟောင်ကောင်ဒေသ နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ-၂၀၂၅ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ ITE ကုန်စည်ပြပွဲများသည် ဟောင်ကောင်ဒေသအပါအဝင် မဟာပင်လယ်ကွေ့ဒေသ အခြေစိုက် လုပ်ငန်းများအပြင် နိုင်ငံတကာမှ လုပ်ငန်းများ ပါဝင်ပြသကြပြီး ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ITE ၌ ပါဝင်ပြသသူ ၅၁၅ ဦး၊ ကုန်သည်များလာရောက်မှု ၇၀၂၃ ဦး နှင့် ပြပွဲလာရောက်သူ ၆ သောင်း ကျော်ရှိခဲ့ကြောင်း၊ ၎င်းပြပွဲကို ၄ ရက်ကြာ ကျင်းပမည်ဖြစ်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်သည်များနှင့် ဝယ်ယူသူများအတွက် ၂ ရက်နှင့် အများပြည်သူအတွက် ၂ ရက်၊ စုစုပေါင်း ၄ ရက် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြခန်းခနှုန်းထားများအနေဖြင့် အကျယ်အဝန်း ၉ စတုရန်းမီတာရှိသည့် Shell Standard A အတွက် အမေရိကန်ဒေါ်လာ ၄၅,၀၀၀၊ အကျယ်အဝန်း ၉ စတုရန်းမီတာရှိသည့် Shell Standard B အတွက် အမေရိကန်ဒေါ်လာ ၄,၆၈၀ (စားပွဲ/ထိုင်ခုံပါ) နှင့် အခန်းဖွဲ့စည်းမှုမရှိသည့် ပြခန်းနေရာ သီးသန့် အကျယ်အဝန်း ၁၈ စတုရန်းမီတာအတွက် အမေရိကန်ဒေါ်လာ ၈,၂၈၀ ကျခံရမည် ဖြစ်သည်။
အဆိုပါပြပွဲအတွက် ပြခန်းငှားရမ်းမှုများနှင့်စပ်လျဉ်းသည့်အသေးစိတ်အချက်အလက်များကို www.itehk.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီးပြခန်းငှားရမ်းခကို ၂၀၂၅ ခုနှစ်၊ ပြခန်းခပေးချေမှု အစောဆုံး ပြုလုပ်သူများအတွက် ၁၅ ရာခိုင်နှုန်း သက်သာမှုရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
”ဟောင်ကောင်ဒေသ နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ - ၂၀၂၅ ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
“ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Date: 17th Jan 2025
VIETSTOCK EXPO Forum 2025 ကျင်းပမည်
Date: 8th to 10th October, 2025
ThaiFEX-Anuga Asia 2025 ပြပွဲ ကျင်းပမည်
Date: 27th to 31st May, 2025