Events
Bihar Business Connect 2024 – A Global Investor’s Summit ကျင်းပပြုလုပ်မည်
Updated At: 2024-12-16 13:50:26
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ပတ္တနားမြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ Bihar Business Connect 2024 – A Global Investor’s Summit ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားပထမနေ့တွင် ကဏ္ဍအလိုက်ဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ကြောင်း၊ ဒုတိယနေ့တွင် မျက်နှာစုံညီအစည်းအဝေးကျင်းပမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဌာနဆိုင်ရာအရာရှိကြီးများ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအတွက် တစ်ဦးချင်းတွေ့ဆုံပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အစိုးရတို့အကြား တွေ့ဆုံပွဲများနှင့်လေ့လာရေးခရီးစဉ်များ ပါဝင်မည်ဖြစ်သည်။
Bihar Business Connect 2024 – A Global Investor’s Summit နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Mr. Rahul Ojha, Investment Promotion Team, Phone- +91 9021386108, email: [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းပါကြောင်းနှင့် ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ
Date: 17-9-2025 to 21-9-2025
ဘူဆန်နိုင်ငံတကာပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲ - ၂၀၂၅ ကျင်းပမည်
Date: 5th to 7th November, 2025