Events
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် (၈) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-05-07 12:20:23
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် (၈) ကြိမ်မြောက် တရုတ်-တောင် အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါကုန်စည်ပြပွဲသည် တရုတ်-တောင်အာရှကုန်စည်ပြပွဲ၏ အခန်းကဏ္ဍကို Platform တစ်ခုအဖြစ် အပြည့်အဝ ဖော်ဆောင်ပေးခြင်းဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တောင်အာရှ၊ အရှေ့ တောင်အာရှနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများအကြား နယ်ပယ်အသီးသီး ၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ကျင်းပရ ခြင်းဖြစ်ပါသည်။
ယခုနှစ်ကုန်စည်ပြပွဲတွင် ကုန်ထုတ်လုပ်ခြင်း၊ ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ ဆေးဝါးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ခေတ်မီစိုက်ပျိုးရေးနှင့် ကူညီဆောင် ရွက်ပေးမှု၊ အသင့်စား အစားအသောက်လုပ်ငန်းများ စသည်တို့အတွက် အထူးနေရာများနှင့်ပြခန်းဆောင်များ အဆင့်မြှင့်တင်ထားပြီး ပြခန်းငှားရမ်းခကို ယခင်နှစ်များကဲသို့ ပေးဆောင်ရမည်ဖြစ်ပါသည်။
ပါဝင်ပြသမည့် ကုမ္ပဏီများ၏ ပြခန်းပစ္စည်းများ အချိန်မီရောက်ရှိရန်နှင့် ပြခန်းပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြခန်းပစ္စည်းများ ကူမင်းမြို့သို့ ရောက်ရှိလာပါက ကုန်စည်ပြပွဲမတိုင်မီ ပြပွဲကျင်းပရေးဦးစီးကော်မတီမှ သတ်မှတ်ထားသော ဂိုထောင်၌ သိမ်းဆည်းထားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုသည်များရှိပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ Email: [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026