Events
အယ်လ်ဂျီးရီးယားနိုင်ငံတွင် ၅၅ ကြိမ်မြောက် Algiers International Fair (FIA) ကျင်းပပြုလုပ်မည်
Updated At: 2024-05-07 14:50:34
အယ်လ်ဂျီးရီးယားနိုင်ငံ၊ Algiers မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၅၅ ကြိမ်မြောက် Algiers International Fair (FIA) ပြပွဲ ကျင်းပမည် ဖြစ်ပါသည်။
အဆိုပါ FIA ပြပွဲသည် အာဖရိကတိုက်တွင်သာမက အာဖရိကတိုက်ပြင်ပတွင်ပါ အရေးပါသည့် နိုင်ငံ တကာပြပွဲတစ်ခုဖြစ်ပြီး အယ်လ်ဂျီးရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်နှင့်အညီ ကုန်သွယ်မှုဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြပွဲနှင့်သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များအား သိရှိလိုပါက အင်တာနက်စာမျက်နှာ www.safex.dz တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အွန်လိုင်းတွင် မှတ်ပုံတင်ခြင်းကိုလည်း ဆောင်ရွက်နိုင်ပါကြောင်း သတင်းရရှိပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026