Events
မြန်မာနိုင်ငံတွင် စီးပွားရေးမိတ်ဖက်များ တိုးချဲ့ဆောင်ရွက်မည်
Updated At: 2024-11-07 13:25:45
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ-၂၀၂၄ ကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပြပွဲသို့ Vinatoken Renewable JSC Co.,Ltd ၏ CEO ဖြစ်သူ Mr. Lai Nguyen မှ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
အထက်ပါကုန်စည်ပြပွဲသို့ လာရောက်စဉ်အတွင်း ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ စိမ်းလန်းသော စွမ်းအင် ကဏ္ဍတို့တွင် မြန်မာနိုင်ငံနှင့်စီးပွားရေးမိတ်ဖက်များ တိုးချဲ့ဆောင်ရွက်လိုပြီး မြန်မာနိုင်ငံ၏ လက်ရှိစျေးကွက်အခြေအနေနှင့် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍရှိ စည်းမျဉ်းများအား သိရှိလေ့လာနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ သက်ဆိုင်ရာကဏ္ဍများနှင့် ပတ်သက်သည့် အလားအလာရှိသော အဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
“မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ-၂၀၂၄” ပြပွဲ ကျင်းပနေစဉ်ကာလအတွင်း စီးပွားရေးမိတ်ဖက်မျာ တိုးချဲ့ဆောင်ရွက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026