Events
The 2024 Global High-End Food and Quality Agricultural Products (Shenzhen) Expo ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-11-07 14:29:50
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ရှန်းကျန့်မြို့ရှိ Shenzhen Convention and Exhibition Center (Futian) တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ The 2024 Global High-End Food and Quality Agricultural Products (Shenzhen) Expo ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကိုဖော်ပြထားပါသည်-
၁။ Shenzhen Food Expo ကို နိုင်ငံအသီးသီးမှ ထူးခြားသော အစားအစာများနှင့် အရည်အသွေး ကောင်းမွန်သော စိုက်ပျိုးရေးထွက်ကုန်များကို ကျယ်ကျယ်ပြန့်ပြန့်ပြသနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မြှင့်တင်ရန်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊
၂။ ပထမအကြိမ်ပြပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့ရာ နိုင်ငံတကာမှ ကုမ္ပဏီပေါင်း (၁၂,၀၀) ကျော် ပါဝင်ပြသခဲ့ပါကြောင်း၊
၃။ ယခုနှစ်ပြပွဲကို Agricultural Food Processing Industry Committee of the China Rural Development Association မှ ကြီးမှူး၍ Shenzhen Huajuchen International Convention and Exhibition Group Co.,Ltd မှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးကွက်အသားပေးပြပွဲပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး ကုန်ပစ္စည်းများခင်းကျင်းပြသခြင်း၊ ဆွေးနွေးပွဲများနှင့် အရောင်းမြှင့်တင်ရေးပွဲများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊
၄။ ပြပွဲဧရိယာသည် ၆၇၅၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ကုမ္ပဏီပေါင်း ၁,၈၀၀ မှ စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းအမျိုးအစား ၇၀,၀၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း၊
၅။ ပြပွဲတွင် Greater Bay Area နှင့် ရှန်းကျန့်ဒေသထွက် စားသောက်ကုန် အမှတ်တံဆိပ်များ၊ သရေစာများ၊ အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များ၊ တီထွင်ဆန်းသစ်ထားသောပါဝင်ပစ္စည်းများ၊ ချက်ပြုတ်ရာ၌ အသုံးပြုသည့် ပါဝင်ပစ္စည်းများနှင့် ပြင်ဆင်ချက်ပြုတ်ထားသော အစားအစာများ၊ အသားများ၊ ပင်လယ်စာနှင့် အေးခဲထားသော အစားအစာများ၊ တင်သွင်းလာသော စားသောက်ကုန်များ၊ ကော်ဖီ၊ အရက်အဖျော်ယမကာနှင့် အခြားအချိုရည်များ၊ ကျန်းမာရေးအထောက်အကူပြုအစားအစာများ၊ အစားအစာထုပ်ပိုးမှုပစ္စည်းများနှင့် စက်ကိရိယာများ၊ ခေတ်မီစိုက်ပျိုးရေးပစ္စည်းများစသည့်တို့ ပါဝင်ပြသမည်ဖြစ်ပါကြောင်း၊
၆။ ပြပွဲသို့ မြန်မာနိုင်ငံမှ ကုမ္ပဏီများပါဝင်ပြသနိုင်ရေး ဖိတ်ကြားပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံမှ ပါဝင်ပြသလိုသည့်ကုမ္ပဏီများအတွက် ပြခန်းခအား ၅၀% လျှော့ဈေးဖြင့် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စားလှယ်များအား အခမ်းအနားသို့ တက်ရောက်ပေးရန်လည်း ဖိတ်ကြားလိုပါကြောင်း၊
၇။ ပြခန်းခများမှာ အကျယ် ၉ စတုရန်းမီတာရှိသည့် မျက်နှာစာတစ်ဖက်ပွင့်ပြခန်း တစ်ခန်းလျှင် ယွမ် ၁၂၈၀၀ နှင့် မျက်နှာစာ ၂ ဖက်ပွင့်ပြခန်းတစ်ခန်းလျှင် ယွမ် ၁၃၈၀၀ ဖြစ်ပါကြောင်း၊
ရှန်းကျန်းမြို့သည် တရုတ်နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ (per capita GDP) အမြင့်ဆုံးမြို့ဖြစ်ပြီး ကွမ်တုန်း-ဟောင်ကောင်-မကာအိုမဟာပင်လယ်အော်ဒေသ (Greater Bay Area) အတွင်းရှိ မြို့ကြီးတစ်မြို့လည်းဖြစ်ရာ ပြပွဲသို့ပါဝင်ပြသခြင်းဖြင့် မြန်မာ့စားသောက်ကုန်များ၊ လယ်ယာ ထွက်ကုန်များ၊ ရေထွက်ကုန်များအတွက် တရုတ်လုပ်ငန်းရှင်များနှင့် စီးပွားရေးချိတ်ဆက်မှုများ ရရှိနိုင်ပြီး ဈေးကွက်ချဲ့ထွင်နိုင်မည်ဖြစ်သည့်အပြင် စားသောက်ကုန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်း များအတွက် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ခုလည်းဖြစ်ပါကြောင်း သိရှိရသည်။
“The 2024 Global High-End Food and Quality Agricultural Products (Shenzhen) Expo” ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade@ gmail.com သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025