Events
ထိုင်းနိုင်ငံ၊ Queen Sirikit National Convention Center (QSNCC) တွင် “70th Bangkok Gems & Jewelry Fair BGJF 2024” ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-07-08 14:31:52
ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ် မှုမြှင့်တင်ရေးဦးစီးဌာန (DITP) သည် “70th Bangkok Gems & Jewelry Fair BGJF 2024” ပြပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ Queen Sirikit National Convention Center (QSNCC) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသမည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက် ထိုင်းနိုင်ငံ၊ DITP ဌာနမှ ပြခန်း (၂) ခန်းကို အခမဲ့ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပြခန်းအကျယ်အဝန်းမှာ ၉ sqm ရှိကြောင်း ဖော်ပြပါရှိပါသည်။
“70th Bangkok Gems & Jewelry Fair BGJF 2024” ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025
“အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း
Date: 28th January 2025