Events
AGROS 2025 Expo နှင့် POTATO HORTI AgriTech 2025 Expo ကုန်စည်ပြပွဲများသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်နိုင်ပါကြောင်း
Updated At: 2024-06-12 11:10:22
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် AGROS 2025 Expo နှင့် POTATO HORTI AgriTech 2025 Expo ကုန်စည်ပြပွဲများသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်နိုင်ကြောင်း သိရှိရပါသည်။
ကုန်စည်ပြပွဲများတွင် ဆွေးနွေးခင်းကျင်းပြသမည့် ကဏ္ဍများမှာ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများ၊ ကိရိယာများ၊ သီးနှံကာကွယ်ရေးဆိုင်ရာထုတ်ကုန်များ၊ မြေဩဇာများ၊ မျိုးစေ့များ၊ အာလူးနှင့် ဟင်းသီးဟင်းရွက်ထုတ်လုပ်ရေးအပါအဝင် ကောက်ပဲသီးနှံထုတ်လုပ်ရေး လုပ်ငန်းသုံးအထောက်အကူပြု အခြားပစ္စည်းများ၊ ခြွေလှေ့ရေးနှင့် သိုလှောင်ရေးဆိုင်ရာကိရိယာများနှင့် အခြားအထောက်အကူပြုပစ္စည်းများ၊ အာလူး၊ ဟင်းသီးဟင်းရွက်များနှင့် အခြားစိုက်ပျိုးရေးထုတ်ကုန်များကို ပြုပြင်စီမံရေးဆိုင်ရာ ကိရိယာများ၊ ကြက်၊ ဝက်၊ နွား စသည့်တိရစ္ဆာန်များ မွေးမြူရေးနှင့် အသားထုတ်ကုန်များ ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းများ၊ ကိရိယာများ၊ မျိုးဗီဇပစ္စည်းများ၊ တိရစ္ဆာန်အစာများ၊ အစာဖြည့်စွက်ပစ္စည်းများ၊ တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာပစ္စည်းများ၊ အသားထုတ်လုပ်ရေးကိရိယာများ၊ အခြားနည်းပညာများနှင့် ဝန်ဆောင်မှုများ ပါဝင်ကြောင်း သိရှိရပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026