Events
BIMSTEC Young Gen Forum ကျင်းပပြုလုပ်မည်
Updated At: 2024-08-13 16:07:00
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် အပြန်အလှန်နားလည်မှုတို့ကို တိုးမြှင့်စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံက “BIMSTEC Young Gen Forum: Where the Future Meets” ကို ဗန်ကောက်မြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၇) ခုအနက် မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် အားသာချက်တစ်ခုဖြစ်ပြီး အခွင့်အလမ်းများရရှိနိုင်မည်ဟု ယူဆရသည့် နှစ်သက်ရာ ကဏ္ဍ (၁) ခုစီနှင့် ဆက်စပ်လျက် ပါဝင်ဆွေးနွေးသွားရမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များအနေ ဖြင့် နိုင်ငံအလိုက် TED Talk ပုံစံရှင်းလင်းတင်ပြချက်ကို ၁၀ မိနစ်ခန့် ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်အတွက် အသွား/အပြန် (Economy Class) လေယာဉ်လက်မှတ်ခ၊ (၃) ရက်စာ တည်းခိုနေထိုင်စရိတ်နှင့် ဟိုတယ်မှလေဆိပ်သို့ အသွား/အပြန် သယ်ယူပို့ဆောင်မှုတို့ကို ကျခံပေးသွားမည်ဖြစ်သည်။
“BIMSTEC Young Gen Forum: Where the Future Meets” သို့ တက်ရောက်လိုသည့်မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade@ gmail.com သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026