Events
အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ” (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF)- 2024-25 ကျင်းပပြုလုပ်မည်
Updated At: 2024-08-12 14:31:35
အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် G.S Marketing Associates တို့မှ ပူးပေါင်းစီစဉ်၍ “၂၀၂၄-၂၅ ခုနှစ်၊ အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ” (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF)- 2024-25 ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့အထိ ကော်လ်ကတ္တားမြို့၊ သိပ္ပံမြို့တော် (Science City) တွင် ကျင်းပမည်ဖြစ်သည်။
၂၀၂၃-၂၀၂၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းကုမ္ပဏီ တစ်ခုအပါအဝင် ပြခန်း (၂) ခန်း ပါဝင်ပြသခဲ့ရာ နေ့စဉ်လာရောက်သူနှင့် မေးမြန်းစုံစမ်းသူ အထူး များပြားခဲ့ကြောင်း တွေ့ရှိရသည်။ ကုန်စည်ပြပွဲသို့ နိုင်ငံပေါင်း (၁၇) နိုင်ငံနှင့် အိန္ဒိယပြည်နယ်ပေါင်း (၂၂) ခုမှ နေ့စဉ်လာရောက်သူအရေအတွက် (၁၇၅၀၀၀၀) ဦးကျော်ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြပွဲစီစဉ်သည့် G.S Marketing Associates သည် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော (၂၉) နှစ်တာကာလအတွင်း ကုန်စည်ပြပွဲပေါင်း (၂၄၈) ခုကို အောင်မြင်စွာ စီစဉ်ကျင်းပနိုင်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အကောင်းဆုံး ကုန်စည်ပြပွဲဆိုင်ရာ (All India Exhibition Excellence Awards) (၁၉) မျိုးကို လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။
ကုန်စည်ပြပွဲတွင် (၉) စတုရန်းမီတာ ပြခန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀+ ၁၈ ရာခိုင်နှုန်း အခွန် (GST) ကျသင့်မည်ဖြစ်ပြီး၊ စားပွဲ ၁ လုံး၊ ထိုင်ခုံ ၂ လုံး၊ ဆလိုက်မီးလုံး ၃ လုံး၊ ၁၅ အင်မီယာ လျှပ်စစ်ခလုတ်ခုံတစ်ခု၊ အမှိုက်တောင်းတစ်လုံး၊ ကော်ဇောတို့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ပြခန်း ကြိုတင်စာရင်းသွင်းလို/ငှားရမ်းလိုပါက အောက်ပါလိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သိရှိသည်-
G.S Marketing, Associates, 108/ 9, Monohar Pukur Road.Kolkata- 700 026
Mr. Utpal Roy, President (Sales), G.S Marketing Associates
Mobile no (+91) 7003178250/ 9433012988/ 9830080180 (Whatsapp) &
Email id: utplroy.28@gmail.com, utpal.roy@gsmktg.mm
“အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ” (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF)- 2024-25” ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail:event.td.myantrade@gmail.com သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025