Events
The 2nd Hainan International Tropical Food Supply Chain Expo (HIFCE) 2024 ပြပွဲ ကျင်းပ ပြုလုပ်မည်
Updated At: 2024-09-13 13:17:26
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ Haikou မြို့ရှိ Hainan International Convention and Exhibition Center တွင် ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ The 2nd Hainan International Tropical Food Supply Chain Expo (HIFCE) 2024 ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲကို China National Food Industry Association၊ China Fisheries Association၊ China Chamber of International Commerce၊ Hainan Chamber of Commerce၊ Hainan Food Production and Distribution Association နှင့် Haishihui Exhibition Group (Hainan) Co., Ltd. တို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယခုနှစ် 2nd HIFCE ၏ ဆောင်ပုဒ်မှာ “Focusing on good international and domestic food, creating a dual-circulation trade platform” ဖြစ်သည်။
ပြပွဲသည် (၆၀၀၀၀) စတုရန်းမီတာကျယ်ဝန်းပြီး ပြခန်းဆောင် (၅) ခုနှင့် ပြပွဲဧရိယာ (၂၁) ခုပါဝင်ကြောင်းနှင့် ပြခန်းဆောင်အမှတ် (၁) သည် နိုင်ငံတကာပြခန်း ဆောင်ဖြစ်ပြီး အဆိုပါနေရာ၌ 2024 China (Hainan) International Tropical Food Supply Chain Development Conference၊ the Golden Coconut Award 2024 Top 100 International Good Food Category Competition နှင့် the Golden Spoon Cup 2024 China (Hainan) International Good Food Cooking Innovation Competition စသည့် ကွန့်ဖရင့်နှင့် အခြားအခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြပွဲ၌ အရည်အသွေးမြင့်ပြီး ထူးခြားသည့်အစားအသောက်များကို ပါဝင်ပြသရန် တရုတ်နိုင်ငံရှိ နိုင်ငံခြားသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများကို ဖိတ်ကြားထားပြီး သက်ဆိုင်ရာနိုင်ငံများရှိ အဖွဲ့အစည်းမှ ခေါင်းဆောင်များအား ကုန်စည်ပြပွဲနှင့် ဆက်စပ်ကျင်းပမည့် အခမ်းအနားများသို့ တက်ရောက်ရန်၊ ပြပွဲကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးနှင့်စီးပွားရေးတွင် နာမည်ကြီးပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ သတင်းမီဒီယာများနှင့် အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍမှ ကျွမ်းကျင်သူများနှင့် အကြံဉာဏ်များဆွေးနွေးဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများကို ရှာဖွေရန် ဖိတ်ကြားလိုပါကြောင်းနှင့် ပါဝင်ပြသလိုသည့် သံရုံးနှင့်ကောင်စစ်ဝန်ချုပ် ရုံးများအတွက် ပြခန်းနေရာများနှင့်ပတ်သက်၍ နည်းလမ်း(၃)ခုဖြင့် အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်-
၁။ ပြခန်းအကျယ် (၁၀၈) စတုရန်းမီတာနှင့်အထက် အမျိုးသားပြခန်းဆောင် ခင်းကျင်းပြသမည်ဆိုပါက ပြခန်းနေရာအခမဲ့ပေးမည်ဖြစ်ပြီး ပြခန်းဆောင်ကို ကိုယ်တိုင်တည်ဆောက်ခြင်း ဖြစ်စေ၊ ပြပွဲကျင်းပရေးကော်မတီသို့ ပြခန်းတည်ဆောက်မှု ကုန်ကျစရိတ်ပေးချေ၍ဖြစ်စေ ပါဝင်ပြသနိုင်ကြောင်း။
၂။ ယွမ် (၈၀၀၀) ဖြင့် ပြခန်းနေရာယူ၍ ပါဝင်ပြသမည်ဆိုပါက (၃၆) စတုရန်းမီတာ (၉ စတု ရန်းမီတာ x ၄ ခန်း) အတွက် အဓိကဝင်ပေါက်နှင့် နီးသည့်နေရာကောင်း၌ စီစဉ်ပေးမည်ဖြစ်ပါကြောင်း။
၃။ အကျယ် (၉) စတုရန်းမီတာရှိသည့် ပုံမှန်ပြခန်း (၁) ခန်းကို အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်သည်။
The 2nd Hainan International Tropical Food Supply Chain Expo (HIFCE) 2024 ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှသက်ဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် အထက်ဖော်ပြပါ နည်းလမ်း (၃) ခုအနက်မှ အဆင်ပြေမည့် နည်းလမ်းတစ်ခုခုဖြင့် ပါဝင်ပြသမည်ဆိုပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
“Yellow River-Mekong River Exchange Week 2024” ကျင်းပပြုလုပ်မည်
Date: 10th to 14th November, 2024
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
Date: 5th to 11th November, 2024