Events
အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ” (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF)- 2024-25 ပြပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေးအတွက် ပြခန်းခများအား လျှော့ဈေးများ သတ်မှတ်ပေးမည်
Updated At: 2024-09-13 13:59:01
အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် G.S Marketing Associates တို့မှ ပူးပေါင်းစီစဉ်၍ ကော်လ်ကတ္တားမြို့၊ သိပ္ပံမြို့တော် (Science City) တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့အထိ “အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF)- 2024-25” ကို ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေး လျှော့ဈေးများ သတ်မှတ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြခန်း (၁၅) ခန်းနှင့်အထက် ငှားရမ်းမည်ဆိုပါက ပြခန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀၀ ၏ (၂၀) ရာခိုင်နှုန်း (ပြည်တွင်းအခွန်မပါ) ကို လည်းကောင်း၊ ပြခန်း (၁၀) ခန်းမှ (၁၅) ခန်း အတွင်း ငှားရမ်းမည်ဆိုပါက ပြခန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀၀ ၏ (၁၅) ရာခိုင်နှုန်း (ပြည်တွင်း အခွန်မပါ) ကိုလည်းကောင်း၊ ပြခန်း (၁၀) ခန်းအောက် ငှားရမ်းမည်ဆိုပါက ပြခန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၂၀၀၀ ၏ (၁၀) ရာခိုင်နှုန်း (ပြည်တွင်းအခွန်မပါ) ကိုလည်းကောင်း လျှော့ချသတ်မှတ်ပေး မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ ပါဝင်ပြသသူများ အဆင်ပြေလွယ်ကူစေရန်အတွက် ကုန်စည်ပြပွဲနှင့် အနီးပတ်ဝန်းကျင်တွင် တည်းခိုနေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် “အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF)- 2024-25” သို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail:event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
“ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Date: 17th Jan 2025
VIETSTOCK EXPO Forum 2025 ကျင်းပမည်
Date: 8th to 10th October, 2025
ThaiFEX-Anuga Asia 2025 ပြပွဲ ကျင်းပမည်
Date: 27th to 31st May, 2025