Events
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ Dubai World Trade Center တွင် 22nd Middle East Organic & Natural Products Expo (Organic Expo Dubai) နှင့် Halal Trade Expo Dubai ပြပွဲများ ကျင်းပပြုလုပ်မည်
Updated At: 2024-07-15 15:25:12
22nd Middle East Organic & Natural Products Expo (Organic Expo Dubai) နှင့် Halal Trade Expo Dubai ပြပွဲများကို ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ Dubai World Trade Center တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြပွဲကို နိုင်ငံပေါင်း ၆၃ နိုင်ငံမှ ကုန်စည်ထုတ်လုပ်ရောင်းချသူများအကြား ပေါင်းကူးဆက်သွယ် ရေးပုံစံတစ်ခုအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ကျင်းပလာခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ယခုနှစ် ပြပွဲတွင် 365-day Export Promotion ပလက်ဖောင်းကို Digital နှင့် Offline ပုံစံများဖြင့် ထည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
ပြပွဲတွင် မြန်မာပြခန်း (Myanmar National Pavilion) အဖြစ် လာရောက်ပြသနိုင်ရန် Standard Shell နှင့် Group Participation ပုံစံနှစ်မျိုး ရွေးချယ်နိုင်မည်ဖြစ်ပြီး 9 Sqm အကျယ်ရှိ ပြခန်း (Standard Shell) တစ်ခန်းကို ၅,၅၄၉.၂၅ အမေရိကန်ဒေါ်လာ (တစ်စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ ၅၂၀ နှုန်း) ကျသင့်မည်ဖြစ်ပြီး 185 Sqm အကျယ်ရှိ ပြခန်းတစ်ခန်း (Group Participation) ကို ၂,၆၂၅ အမေရိကန်ဒေါ်လာ ကျသင့်မည်ဖြစ်သည်။
22nd Middle East Organic & Natural Products Expo (Organic Expo Dubai) နှင့် Halal Trade Expo Dubai ပြပွဲများသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊E-mail:[email protected] သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025