Events
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (21st CAEXPO) ကျင်းပပြုလုပ်မည်
Updated At: 2024-07-17 13:58:51
၂၁ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (21st CAEXPO) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်သည် CAEXPO ၏ "Diamond Crown" ကာလဖြစ်ကာတရုတ်နှင့်အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်လာစေခဲ့သည့် ကုန်စည်ပြပွဲကြီးသည် ရွှေ ၁၀ နှစ်တာ၊ စိန် ၁၀ နှစ်တာကာလကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် နှစ်လိုဖွယ်ရာမြို့ (City of Charm) ပြခန်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ “သန်လျင်မြို့” ကို ရွေးချယ်ပြသသွားမည်ဖြစ်ပြီး ကုန်စည်ပြခန်း (Trade in Goods) ၈၄ ခန်းတွင် လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သစ်သီးဝလံများ၊ ကျောက်မျက်ရတနာများနှင့် လက်မှုအနုပညာပစ္စည်းများ၊ တန်ဖိုးမြင့်စားသောက်ကုန်များ ပါဝင်ပြသသွားမည်ဖြစ်သည်။
ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ထုတ်ကုန်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကုမ္ပဏီများ ပြသလိုပါက ပြခန်းများ အခမဲ့ စီစဉ်ပေးမည်ဖြစ်သည်။
၂၁ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (21st CAEXPO) သို့ ပါဝင်ပါဝင်ပြသလိုသည့် Exhibitor များနှင့် Visitor များအနေဖြင့် https://mitc.myantrade.gov.mm/member/trade-fair/new တွင် အချက်အလက်များ ဖြည့်သွင်း၍ ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်းနှင့် MSMEs လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ