Events
VIETSTOCK EXPO Forum 2025 ကျင်းပမည်
Updated At: 2025-01-17 16:28:14
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Saigon Exhibition & Convention Centre (SECC) တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ VIETSTOCK EXPO Forum 2025 ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရ သည်။
ပြပွဲစီစဉ်ကျင်းပသူ Informa Markets အနေဖြင့် ဝယ်ယူသူနှင့်ရောင်းချသူများအား ကုန်သွယ်မှုပြပွဲများမှတစ်ဆင့် အထူးစျေးကွက်များနှင့် ချိတ်ဆက်ပေးလျက်ရှိသကဲ့သို့ ပြပွဲအတွင်း နိုင်ငံတကာမှ ပါဝင်လာသည့်အမှတ်တံဆိပ် ၅၅၀ ကျော်နှင့်လည်း တိုက်ရိုက် (သို့မဟုတ်) အွန်လိုင်းမှ B to B ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
Informa Markets ကုမ္ပဏီအနေဖြင့် အာဆီယံဒေသအတွင်း ဘန်ကောက်၊ ဟနွိုင်း၊ ဟိုချီမင်း၊ ဂျကာတာ၊ ကွာလာလမ်ပူ၊ မနီလာ၊ စင်္ကာပူနှင့် ဖနွမ်းပင်တို့အပါအဝင် အဓိကမြို့ကြီးများရှိ ရုံးခွဲနှင့် ဖက်စပ်လုပ်ငန်းများမှတစ်ဆင့် စျေးကွက် ၁၃ ခုတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးထုတ်ကုန်များ ပြသခြင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါ ဗီယက်နမ်ထိပ်တန်းနိုင်ငံတကာအစားအစာနှင့်မွေးမြူရေးထုတ်ကုန်များပြပွဲတွင် နိုင်ငံပေါင်း ၄၀ ကျော်မှ ပြခန်းပေါင်း ၃၀၀ ကျော်ဖြင့် ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသမည်ဆိုပါက ပြခန်းခအနေဖြင့် Space only (min 18 m2) အတွက် အမေရိကန်ဒေါ်လာ ၄၁၅/m2 ၊ Walk on package (min 12 m2) အတွက် အမေရိကန်ဒေါ်လာ ၄၆၅/m2၊ Leadgrab အတွက် အမေရိကန်ဒေါ်လာ ၄၀၀ အသီးသီးကျသင့်မည်ဖြစ်သည်။
VIETSTOCK EXPO ပြပွဲတွင် မွေးမြူရေးနှင့်ငါးမွေးမြူရေးလုပ်ငန်းများဆိုင်ရာ မြန်မာ့ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုဆိုင်ရာပြခန်းများ ပြသနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် ချိတ်ဆက်ကူညီပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာကုမ္ပဏီများအား ဗီယက်နမ်တွင် မိတ်ဖက်များ ထူထောင်ရန်၊ လုပ်ငန်းချဲ့ထွင်ရန်နှင့် အတိုင်ပင်ခံများ၊ ကုန်သွယ်မှုဆိုင်ရာကုမ္ပဏီများနှင့် တွေ့ဆုံ၍ မိတ်ဖက်သစ်များ ရှာဖွေချဲ့ထွင်နိုင်မည့် အခွင့်အရေးများရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။
ဗီယက်နမ်ထိပ်တန်းနိုင်ငံတကာအစားအစာနှင့်မွေးမြူရေးထုတ်ကုန်များပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် မြန်မာလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
ThaiFEX-Anuga Asia 2025 ပြပွဲ ကျင်းပမည်
Date: 27th to 31st May, 2025
27th Expo Electronica 2025 and ExpoCifra 2025 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 15th to 17th April, 2025
3rd SOURCEX INDIAN ပြပွဲ ကျင်းပမည်
Date: 26th to 28th March, 2025