Events
မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Penang Marriott Hotel တွင် “ASIA Medical Tourism Conference & Expo” ကျင်းပပြုလုပ်မည်
Updated At: 2024-07-18 12:59:40
မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Penang Marriott Hotel တွင် အဖွဲ့ဝင် ၅၆ နိုင်ငံ ပါဝင်သည့် Commonwealth Medical Association (CMA) မှ ဦးစီး၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ “ASIA Medical Tourism Conference & Expo” ကို ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါပြပွဲသည် အာရှတိုက်၏ အကြီးဆုံးဆေးဝါးဈေးကွက်ဖြစ်ကြောင်း၊ ယင်းပွဲတော်သို့ သြစ တြေးလျ၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ကိုရီးယား၊ ကူဝိတ်၊ ကာဂျစ်စတန်၊ မကာအို၊ မလေးရှား၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ ကာတာ၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ ထိုင်း၊ တူကီယဲ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဥဇဘက်ကစ္စတန်တို့မှ ပါဝင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးသူများ (ဆေးရုံနှင့်ဆေးကုသရေးစင်တာများ)၊ ကျန်းမာရေးစောင့်ရှောက်မှုနေရာများနှင့် ဆေးဝါးကိရိယာနှင့်စက်ပစ္စည်းထုတ်လုပ်သူများ စသည့်ကဏ္ဍများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်စေလိုကြောင်း သိရှိရသည်။
အဆိုပါပြပွဲနှင့်ပတ်သက်သည့် အချက်အလက်များအား Website: http://www.asiamtce.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုသည့် အချက်အလက်များရှိပါက ဖုန်း +60198851559 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] တို့သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026