Events

အိန္ဒိယအပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာပြပွဲ (India International Jewellery Show- IIJS Premiere 2024) ကျင်းပပြုလုပ်မည်

Updated At: 2024-06-19 15:06:16

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအောက်ရှိ ကျောက်မျက်ရတနာ တင်ပို့မှု မြှင့်တင်ရေးကောင်စီ (The Gem & Jewellery Export Promotion Council- JGEPC ) မှ ဦးစီး၍ အကြိမ် (၄၀) မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာပြပွဲ (India International Jewellery Show- IIJS Premiere 2024) ကို မွန်ဘိုင်းမြို့ရှိ Jio World Convention Centre ၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိလည်းကောင်း၊ မွန်ဘိုင်းမြို့ရှိ Bombay Exhibition Center ၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိလည်းကောင်း၊ နေရာ ၂ ခုခွဲ၍ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ မြန်မာလုပ်ငန်းရှင်များမှ မြန်မာပြခန်းဆောင်ဖြင့် ပါဝင်ပြသပေးရန် ဖိတ်ကြား လာပါသည်။

အဆိုပါ IIJS Premiere 2024 နှင့်အတူ အိန္ဒိယကျောက်မျက်ရတနာစက်ကိရိယာ ပစ္စည်းများပြပွဲ (The India Gem & Jewellery Machinery Expo – IGJME) ကိုလည်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ မွန်ဘိုင်းမြို့ရှိ Bombay Exhibition Center ၌ တစ်ချိန်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

၎င်းပြပွဲသည် ကမ္ဘာ့ဒုတိယအကြီးဆုံးကျောက်မျက်ရတနာပြပွဲကြီးဖြစ်ပြီး ပြပွဲတွင် ကျောက်မျက် ရတနာပစ္စည်းများနှင့်စပ်လျဉ်းသည့် စက်ကိရိယာများ ပြသမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည်လည်း အရည်အသွေးကောင်းမွန်သော ကျောက်မျက်ရတနာများ ထွက်ရှိသည့်အတွက် မြန်မာပြခန်းဆောင်ဖြင့် ပါဝင်ပြသရန်နှင့် အသေးစိတ်အချက်အလက်များကို www.gjepc.org/iijs-premiere  တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။

အဆိုပါကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုသည်များရှိပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ် ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ နှင့် Email : [email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။