Events
ပါကစ္စတန်နိုင်ငံတွင် 16th Food, Agri & Livestock Asia International Trade Fair and Conference ကျင်းပပြုလုပ်မည်
Updated At: 2024-06-28 11:19:32
ပါကစ္စတန်နိုင်ငံ၊ Lahore Expo Center ၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ “16th Food, Agri & Livestock Asia International Trade Fair and Conference” ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါပြပွဲကို Federation of Pakistan Chambers of Commerce & Industry (FPCCI) နှင့် Ecommerce Gateway Pakistan Pvt. Ltd (ECG) တို့က ပူးပေါင်း၍ နောက်ဆုံးပေါ် စက်ပစ္စည်းများ၊ ပစ္စည်းကိရိယာများနှင့် စက်မှုလုပ်ငန်းတွင် အရေးကြီးသော အခွင့်အလမ်းများကို ပြသရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့်စက်ပစ္စည်းများ၊ အစား အသောက်တွင် ပါဝင်သော ပစ္စည်းများနှင့် နည်းပညာ၊ မွေးမြူရေးနှင့် စက်ပစ္စည်းများ၊ စာရွက်နှင့်တစ်ရှူး၊ ဧည့်ကြိုခြင်း၊ အစားအသောက်ဝန်ဆောင်ခြင်း၊ မုန့်ဖုတ်သည့်ကိရိယာဝန်ဆောင်မှုများ၊ ထုတ်ကုန်များနှင့် ပလတ်စတစ်၊ ထုပ်ပိုးမှုများ၊ ပုံနှိပ်ခြင်းနှင့် ကတ်ထူပြားပြုလုပ်ခြင်း စသည့်ကဏ္ဍများ ပြသမည်ဖြစ်သည်။
အထက်ပါပြပွဲသို့ ပထမဆုံးစာရင်းပေးသွင်းသည့် ပြည်ပမှပါဝင်တက်ရောက်သူ ၁၀၀ အတွက် ဟိုတယ်စရိတ်၊ ပြည်တွင်းသွားလာစရိတ်နှင့် လုံခြုံရေးတို့ကို Ecommerce Gateway Pakistan Pvt. Ltd (ECG) မှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
16th Food, Agri & Livestock Asia International Trade Fair and Conference” သို့ ပါဝင်တက်ရောက်ပြသမည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Website: www.foodasia.net၊ www.agriasia.net နှင့် www.livestockexhibition.com တွင် ဝင်ရောက်လေ့လာနိုင်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက Email : [email protected], Phone : +၉၂ ၃၂၁ ၁၀၀၀၂၀၂ နှင့် Email: [email protected], Phone : +၉၂ ၃၀၀၂၀၂၅၉၇၄ တို့သို့ ဆက်သွယ်စုံစမ်း ဆောင်ရွက်နိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025