Events
8th Bengal Global Business Summit ကျင်းပမည်
Updated At: 2025-01-23 10:51:02
အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် အနောက်ဘင်္ဂလားပြည်နယ်အစိုးရမှ ကြီးမှူး၍ “8th Bengal Global Business Summit” ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ လုပ်ဖော်ကိုင်ဖက်နိုင်ငံ (Partner Country) အဖြစ် ပါဝင်တက်ရောက်နိုင်ပါကြောင်း သိရှိရသည်။ အဆိုပါ Summit အတွက် အောက်ပါတို့ကို ဖော်ပြထားပါသည် -
၁။ “8th Bengal Global Business Summit” သို့ ပါဝင်တက်ရောက်သည့်အတွက် အခကြေးငွေ တစ်စုံတစ်ရာပေးရန် မလိုအပ်ကြောင်း၊ ဆွေးနွေးပွဲတစ်လျှောက်လုံး၌ အထူးဦးစားပေး၍ အသိအမှတ်ပြု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ကြော်ငြာများ၊ သတင်းအစီအစဉ်များနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်းအားလုံး၌ နိုင်ငံ၏အမည်ကို ထည့်သွင်းဖော်ပြပေးမည်ဖြစ်ကြောင်း။
၂။ နိုင်ငံတော်အလံကို ထင်ရှားစွာ ဖော်ပြပေးမည်ဖြစ်ကြောင်း၊ ၆ မီတာ x ၆ မီတာ သို့မဟုတ် ၅ မီတာ x ၅ မီတာ အကျယ်အဝန်းရှိ အခမဲ့ ပြခန်း ၁ ခန်း ရရှိမည်ဖြစ်ကြောင်း၊ B2B၊ G2G ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း။
၃။ MoUs နှင့် သဘောတူညီချက်များ ပြုလုပ်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် ပါဝင်ဟောပြောခွင့်နှင့် ဆွေးနွေးတင်ပြခွင့်များ ရရှိမည်ဖြစ်ကြောင်း၊ အစိုးရ/သံရုံးတို့မှ တရားဝင်ကိုယ်စားလှယ်များအတွက် တည်းခိုနေထိုင်မှုနှင့် ပြည်တွင်းသွားလာမှုဆိုင်ရာကိစ္စရပ်များကို ပြပွဲစီစဉ်ဆောင်ရွက်သူဖက်မှ ကျခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
၄။ လုပ်ဖော်ကိုင်ဖက်နိုင်ငံ (Partner Country) အဖြစ် ပါဝင်တက်ရောက်မည်ဆိုပါက သက်ဆိုင်ရာ သံရုံး/ကောင်စစ်ဝန်ချုပ်ရုံးမှ တရားဝင်ကိုယ်စားလှယ်စာရင်းနှင့်တကွ တရားဝင်အတည်ပြု ပြန်ကြားပေးရန်ဖြစ်ကြောင်း။
“8th Bengal Global Business Summit” ထိပ်သီးအစည်းအဝေးသို့ လုပ်ဖော်ကိုင်ဖက်နိုင်ငံအဖြစ် ပါဝင်တက်ရောက်လိုသည့် မြန်မာကိုယ်စားလှယ်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
“ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Date: 17th Jan 2025
VIETSTOCK EXPO Forum 2025 ကျင်းပမည်
Date: 8th to 10th October, 2025
ThaiFEX-Anuga Asia 2025 ပြပွဲ ကျင်းပမည်
Date: 27th to 31st May, 2025