Events
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် CAFE SHOW CHINA 2024 ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-05-23 14:42:20
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် CAFE SHOW CHINA 2024 သို့ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း သိရှိရပါသည်။
ယခင် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် CAFE SHOW တွင် သံရုံးများ၊ ကော်ဖီ စိုက်ပျိုး ထုတ်လုပ်သူအသင်းအဖွဲ့များနှင့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသခဲ့ပြီး ယခုနှစ်ကျင်းပပြုလုပ်မည့် CAFE SHOW CHINA 2024 တွင်လည်း သံရုံးများ၊ ကော်ဖီအသင်းအဖွဲ့များနှင့် ကော်ဖီလုပ်ငန်းရှင်များ လာရောက်ပြသနိုင်ကြောင်း သိရှိရပါသည်။
အဆိုပါကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံကော်ဖီအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၏ အမည်စာရင်းအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ၁-၇-၂၀၂၄ (တနင်္လာနေ့) နောက်ဆုံးထားပြီး ပေးပို့နိုင်ကြောင်း သတင်းရရှိပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026