Events
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဗီယက်နမ်လက်မှုအနုပညာပြပွဲ ကျင်းပမည်
Updated At: 2024-05-24 13:20:20
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ Sky Expo Center တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ဗီယက်နမ်လက်မှုအနုပညာပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပါရန် Vietnam Handicraft Exporter Association (VIETCRAFT) မှ ဖိတ်ကြားလာကြောင်း သိရှိရပါသည်။
ကုန်စည်ပြပွဲတွင် အိမ်တွင်းအလှဆင်ခြင်းနှင့် လက်မှုပစ္စည်း၊ အိမ်တွင်း/အိမ်ပြင် ပရိဘောဂ၊ အိမ်သုံး ပစ္စည်းများနှင့် သိုလှောင်ထိန်းသိမ်းမှု၊ အထည်အလိပ်နှင့် ပန်းထိုး၊ သားရေအိတ်များ၊ အရုပ်များ၊ စာရေးကိရိယာများနှင့် တိုင်းရင်းသားရိုးရာပစ္စည်းများအပါအဝင် ပြခန်းပေါင်း ၁,၆၀၀ ကျော် ပါရှိ မည်ဖြစ်၍ ဗီယက်နမ်နိုင်ငံနှင့် နိုင်ငံတကာမှ ဝင်ရောက်ပြသနိုင်မည် ဖြစ်ပါသည်။
ဗီယက်နမ်လူနေမှုပုံစံကို အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်ရှိ ပြပွဲကျင်းပသူများထံမှ အာရုံစိုက်မှုရရှိခဲ့ရာ ဈေးကွက်ရှာဖွေရေးအဖွဲ့အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ ဈေးကွက်ရှာဖွေမှုကို ဆောင်ရွက်လျက်ရှိပြီး USA ၊ EU ၊ ဂျပန်တို့ကဲ့သို့ သမာရိုးကျ ဝယ်ယူသူများအပြင် ဗီယက်နမ်မှဝယ်ယူသူ ၃၀၀၀ ကျော် ပါဝင်တက်ရောက်မည်ဖြစ်ပါသည်။
ပြပွဲသို့ ပြသမည်ဆိုပါက ပြခန်း (3m x 3m x 2.5m) ၊ ပြခန်းတစ်ခန်းလျှင် USD 1700 (1 side open) ၊ USD 1800 (2 sides open)၊ USD 1950 (3 sides open)၊ USD 2100 (4 sides open) ကျသင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသည့် UMFCCI နှင့် သက်ဆိုင်ရာ ညီနောင်အသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုသည်များရှိပါက မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဖုန်းနံပါတ် ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ နှင့် Email : event.td. [email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025