Events
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဗီယက်နမ်နိုင်ငံ အပြည်ပြည်ဆိုင်ရာပရိဘောဂနှင့် အိမ်တွင်း အလှဆင်ပြပွဲ (VIFA ASEAN 2024) ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-05-24 16:22:54
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ Saigon Exhibition & Convention Center (SECC) တွင် ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သည်များအသင်း၊ Lien Minh ကုမ္ပဏီနှင့် ဗီယက်နမ်နိုင်ငံအုန်းသီး အသင်းတို့မှ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “ဗီယက်နမ်နိုင်ငံ အပြည်ပြည်ဆိုင်ရာပရိဘောဂနှင့် အိမ်တွင်းအလှဆင်ပြပွဲ (VIFA ASEAN 2024)” ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြပွဲအား အရှေ့တောင်အာရှနိုင်ငံများ၊ ဗီယက်နမ်နှင့် ဒေသတွင်းနိုင်ငံများမှ အရည်အသွေးမြင့် အိမ်တွင်း/အိမ်ပြင် ပရိဘောဂများ၊ သစ်သားထုတ်ကုန်များနှင့် လက်မှုပစ္စည်းများကို ကမ္ဘာလုံးဆိုင်ရာ ဝယ်ယူသူများထံ ချိတ်ဆက်ရောင်းချရန် ရည်မှန်းထား၍ ပြခန်းပေါင်း ၁၂၀၀ ကျော် ပါရှိမည်ဖြစ်ပြီး ပါဝင်ပြသသူ ၃၅၀ ကျော်ပါဝင်ပြသမည်ဟု ခန့်မှန်းထားရာ နိုင်ငံအလိုက် ပြခန်းများအနေဖြင့် စင်္ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူးနိုင်းနှင့် တီမောလာစတေနိုင်ငံတို့ ပါဝင် ပြသမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
VIFA ASEAN 2024 ပြပွဲတွင် မြန်မာပြခန်း (မြန်မာသံရုံး၊ ဟနွိုင်းမြို့) အတွက် ပြခန်း (၄) ခုအားစီစဉ်သူမှ ပံ့ပိုးပေးမည်ဖြစ်ပြီး 9m2 ပြခန်းတစ်ခန်းလျှင် (L.3m x W3m x H.2.5m) ပုံမှန်ငှားရမ်းခ နှုန်းထား အမေရိကန်ဒေါ်လာ ၁၈၄၅ ကျသင့်မည်ဖြစ်ကြောင်းနှင့် မြန်မာသံရုံး (ဟနွိုင်းမြို့) မှ တစ်ဆင့် လျှောက်ထားသည့် ကုမ္ပဏီများအတွက် ၃၀ % လျှော့ဈေးဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၃၄၅ သာ ကျသင့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် UMFCCI နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဖုန်း-၀၆၇-၄၀၈၆၂၂ နှင့် အီးမေးလ်- [email protected] တို့သို့ ၂၄-၆-၂၀၂၄ (တနင်္လာနေ့) အရောက် ဆက်သွယ်ပေးပို့ နိုင်ပါကြောင်း သတင်းရရှိပါသည်။
More Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ