Events
ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် EWEC International Trade, Tourism and Investment Fair (Da Nang 2024) ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-07-24 15:52:28
ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ EWEC International Trade, Tourism and Investment Fair (Da Nang 2024) ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲကို အာဆီယံနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် ဗီယက်နမ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် မြန်မာကိုယ်စားလှယ်များအတွက် ပြခန်း (၂) ခန်းအား အခမဲ့ စီစဉ်ပေးမည်ဖြစ်သည်။
EWEC International Trade, Tourism and Investment Fair (Da Nang 2024) ပြပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များအား Website: www.itpc.danang.gov.vn တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်းနှင့် ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] တို့သို့လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ