Events
အိန္ဒိယနိုင်ငံ၊ ပူနေးမြို့တွင် ပူနေးနိုင်ငံတကာစီးပွားရေး ဆွေးနွေးပွဲ (Pune International Business Summit) ကျင်းပပြုလုပ်မည်
Updated At: 2024-07-25 11:50:56
အိန္ဒိယနိုင်ငံ၊ ပူနေးမြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်မှ ၂၇ ရက်နေ့အထိနှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၅ ရက်အထိ ပူနေးမြို့အခြေစိုက် Mahratta စက်မှုနှင့် စိုက်ပျိုးရေးကုန်သည်ကြီးများအသင်း (Mahratta Chamber of Commerce, Industries and Agriculture – MCCIA) က ကြီးမှူး၍ ပူနေးနိုင်ငံတကာစီးပွားရေး ဆွေးနွေးပွဲ (Pune International Business Summit) ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးကိုယ်စားလှယ်များအကြား B2B တွေ့ဆုံဆွေးနွေးပွဲများကိုလည်း စီစဉ်ပေးမည်ဖြစ်သည်။
အဆိုပါ ပူနေးနိုင်ငံတကာစီးပွားရေး ဆွေးနွေးပွဲ (Pune International Business Summit) သို့ တက်ရောက်မည့် မြန်မာစီးပွားရေးကိုယ်စားလှယ်များအတွက် တည်းခိုနေထိုင်စရိတ်နှင့် လေဆိပ်ကြိုဆိုပို့ဆောင်မှုများကို MCCIA က ကျခံပေးမည်ဖြစ်ပြီး လေယာဉ်စရိတ်ကို တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့က ကျခံပေးရမည်ဖြစ်သည်။
အထက်ပါဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို MCCIA ၏ ညွှန်ကြားရေးမှူး Mr. Nikhil Jain၊ ဖုန်းနံပါတ် +၉၁-၉၀၂၁၁၉၅၅၂၈၊ အီးမေးလ် [email protected] သို့ ဆက်သွယ်နိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] တို့သို့လည်း ဆက်သွယ်စာရင်းပေး သွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026