Events
“Yellow River-Mekong River Exchange Week 2024” ကျင်းပပြုလုပ်မည်
Updated At: 2024-10-24 16:08:12
တရုတ်နိုင်ငံ၊ ရှန်တုန်းပြည်နယ်၊ တယ်ကျိုးမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ Yellow River-Mekong River Exchange Week 2024 ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ မြစ်ဝါမြစ်သည် တရုတ်နိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်ပြီး Qinghai၊ Sichuan၊ Gansu၊ Ningxia၊ Inner Mongoia၊ Shanxi၊ Shaanxi၊ Henan နှင့် Shandong တို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး (၉) ခုကို ဖြတ်သန်းစီးဆင်းလျက်ရှိရာ မဲခေါင်မြစ်သည်လည်း အာရှတိုက်၏ အရေးအကြီးဆုံမြစ်တစ်စင်းဖြစ်ပြီး အင်ဒို-ချိုင်နားကျွန်းဆွယ်ကို ဖြတ်ကာ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။
၂၀၁၆ ခုနှစ်မှစ၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို စတင်ထူထောင်ခဲ့ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် စံပြဖြစ်ခဲ့၍ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရှန်တုန်းပြည်နယ်၊ တယ်ကျိုးမြို့၌ Yellow River-Mekong River Dialogue ကို စတင်ခဲ့ပြီး မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် မြစ်ဝါဒေသပြည်နယ် တစ်လျှောက်ရှိ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။
ပထမအကြိမ် Yellow River-Mekong River Dialogue ကို တယ်ကျိုးမြို့၌ ကျင်းပခဲ့ပြီး ရှန်တုံးပြည်နယ်မှ 2024 Yellow River-Mekong River Dialogue ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ညီမမြိုတော်ဆက်ဆံရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ခဲ့သည်။
Yellow River-Mekong River Exchange Week 2024 သို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်များအတွက် စားသောက်စရိတ်ကိုသာ ကျခံပေးမည်ဖြစ်ပြီး ဖုန်း၊ +86 18812755775 နှင့် အီးမေးလ်၊ [email protected] သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] တို့သို့လည်း ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
“ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Date: 17th Jan 2025
VIETSTOCK EXPO Forum 2025 ကျင်းပမည်
Date: 8th to 10th October, 2025
ThaiFEX-Anuga Asia 2025 ပြပွဲ ကျင်းပမည်
Date: 27th to 31st May, 2025