Events
“Korea Import Fair-KIF 2025” ပြပွဲတွင် ကျင်းပပြုလုပ်မည်
Updated At: 2024-10-30 15:44:15
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ညီလာခံနှင့်ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၅ (Korea Import Fair – KIF 2025) ပြပွဲ ကျင်းပမည်ဖြစ်သည်။ Korea Import Fair-KIF 2025 ကို ကိုရီးယားနိုင်ငံ၊ သွင်းကုန်တင်သွင်းသူများအသင်း (Korea Importers Association – KOIMA) က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိပြီး ပြည်ပနိုင်ငံများမှ ထုတ်ကုန်များ ကိုရီးယားနိုင်ငံဈေးကွက်ဝင်ရောက်နိုင်ရေး အခွင့်အလမ်းများဖန်တီးပေးရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကုန်ကျစရိတ်ဖြင့်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
KIF ပြပွဲများသည် ပြည်ပထွက်ကုန်များကို တစ်နေရာတည်းတွင် ပြသနိုင်သည့် တစ်ခုတည်းသောပြပွဲ ဖြစ်သည့်အတွက် နိုင်ငံတွင်းရှိ သွင်းကုန်လုပ်ငန်းရှင်များကိုသာမက ပြည်သူများ၏စိတ်ဝင်စားမှုကိုပါ ဆွဲဆောင်နိုင်သည့် ပြပွဲတစ်ခုဖြစ်ရာ ပြပွဲကာလအတွင်း ဆွေးနွေးပွဲများနှင့် B2B ဆွေးနွေးပွဲ များကိုပါ ကျင်းပသွားမည်ဖြစ်၍ မြန်မာနိုင်ငံမှ ပို့ကုန်ပစ္စည်းများ ကိုရီးယားဈေးကွက်အတွင်း ဝင်ရောက်နိုင်ရန် လာရောက်ပြသစေလိုခြင်းဖြစ်သည်။
KIF 2024 တွင် ပြခန်းတစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀ ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးထား၍ ငွေပေးချေပါက ၄၀% လျှော့ပေးမည်ဖြစ်သည့်အတွက် အမေရိကန်ဒေါ်လာ ၁,၈၀၀ သာ ကျသင့်မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ဆုံးထား၍ ငွေပေးချေပါက ၃၀% လျှော့ပေးမည်ဖြစ်သည့်အတွက် အမေရိကန်ဒေါ်လာ ၂,၁၀၀ သာ ကျသင့်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလနောက်ဆုံးထား၍ ငွေပေးချေပါက ၃၀% လျှော့ပေးမည်ဖြစ်သည့်အတွက် အမေရိကန်ဒေါ်လာ ၂,၁၀၀ သာ ကျသင့်မည်ဖြစ်သည်။
“Korea Import Fair-KIF 2025” နှင့် ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား Email: [email protected] နှင့် ဖုန်းနံပါတ် (+၈၂) ၂ ၆၆၇၇ ၃၆၆၂/ ၉ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026