Events
“Shanghai Cooperation Organization (SCO) Agricultural Expo” ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-09-25 16:12:14
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်သစ်တောနှင့်မြက်ခင်းပြင် စိမ်းလန်းစိုပြေရေးစီမံခန့်ခွဲမှုဌာန၊ တရုတ်နိုင်ငံသိပ္ပံအကယ်ဒမီ၊ တရုတ်နိုင်ငံဉာဏပစ္စည်းမူပိုင်ခွင့် ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ရှန်းရှီးပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းရှီးပြည်နယ်၊ ရန်းလင်မြို့ရှိ Yangling Demonstration Zone တွင် “Shanghai Cooperation Organization (SCO) Agricultural Expo” ပြပွဲ ကျင်းပမည်ဖြစ်သည်။
အဆိုပါ Shanghai Cooperation Organization (SCO) Agricultural Expo ပြပွဲကို China Yangling Agricultural High-tech Fair (CAF) ကျင်းပနေစဉ်ကာလအတွင်း ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ပါဝင်ပြသလိုပါက မြန်မာသံရုံးအတွက် ၁၈ စတုရန်းမီတာ အကျယ်အဝန်းရှိ ပြခန်းကို အခမဲ့စီစဉ်ပေးမည်ဖြစ်ပြီး ပါဝင်ပြသလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ခရီးစရိတ်၊ နေထိုင်စားသောက်စရိတ်များကို မိမိအစီအစဉ်ဖြင့်ကျခံရမည်ဖြစ်ပါကြောင်းနှင့် ပြပွဲနှင့်စပ်လျဉ်း၍ အသေး စိတ်သိရှိလိုပါက Ms. Zelda Zhang, Tel: +86 17798040104, WeChat: yomyfzxh, Email: [email protected] နှင့် Ms. Fanny, Tel: +86 13810944482, Email: aetda[email protected] သို့လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] တို့သို့လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026