Events
ဟောင်ကောင်အီလက်ထရောနစ်ကုန်စည်ပြပွဲ (Hong Kong Electronic Fair – Autumn Edition) ကျင်းပပြုလုပ်မည်
Updated At: 2024-09-20 13:45:13
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဟောင်ကောင်အီလက်ထရောနစ် ကုန်စည်ပြပွဲ (Hong Kong Electronic Fair – Autumn Edition) ကျင်းပမည်ဖြစ်ရာ အဆိုပါပြပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ ပြခန်း (၁) ခန်း အခမဲ့ရရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ဟောင်ကောင်အီလက်ထရောနစ်ကုန်စည်ပြပွဲတွင် နည်းပညာလုပ်ငန်းများနှင့် တည်ထောင်စလုပ်ငန်းများကို အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် ကုန်စည်ပြပွဲတစ်ခုဖြစ်ပြီး၊ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ်ပစ္စည်းများ ပြသရောင်းချရာနေရာဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သည့် Hong Kong Electronics Fair (Autumn Edition) သို့ နိုင်ငံတကာမှ ကုန်သည်လုပ်ငန်းရှင်ပေါင်း (၆၀၀၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ပြီး တည်ထောင်စနည်းပညာဆိုင်ရာ လုပ်ငန်းများ ပါဝင်ခင်းကျင်းပြသနိုင်သည့် Startup Zone တွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ (၂) ခု ပါဝင်ပြသခဲ့ကြောင်း သိရှိရသည်။
ဟောင်ကောင်အီလက်ထရောနစ်ကုန်စည်ပြပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် အခမဲ့ ပါဝင်ပြသခွင့်ရရှိမည့် ပြခန်း (၁) ခန်းတွင် မြန်မာစီးပွားရေးလုပ်ငန်းများအနေဖြင့် ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ