Events
7thAct East Business Show ကျင်းပပြုလုပ်မည်
Updated At: 2024-11-26 16:23:27
အိန္ဒိယနိုင်ငံ၊ မီဂါလာယာ (Meghalaya) ပြည်နယ်အစိုးရ၊ အရှေ့မြောက်ဒေသကောင်စီ၊ အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းဖြစ်သည့် Invest India တို့နှင့် ပူးပေါင်း၍ 7thAct East Business Show ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ မီဂါလာယာပြည်နယ်မြို့တော်ဖြစ်သည့် ရှီလောင်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန်ကဏ္ဍ၊ နည်းပညာ (IT) ကဏ္ဍ၊ အခြေခံအဆောက်အဦ၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ လက်ယက်ကန်းနှင့် လက်မှုပညာပစ္စည်းကဏ္ဍတို့မှ ဝယ်ယူသူများ၊ ရင်းနှီးမြှုပ်နှံသူများအပါအဝင် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်နိုင်ကြောင်း သိရှိရသည်။
7th Act East Business Show သည် အိန္ဒိယအရှေ့မြောက်ဖျားဒေသ၏အရှေ့တောင်အာရှနိုင်ငံများသို့ ချိတ်ဆက်မှုလမ်းကြောင်း အလားအလာများဆိုင်ရာဆွေးနွေးပွဲများ၊ ပြည်နယ်အစိုးရနှင့် တက်ရောက်လာသူများအကြား တွေ့ဆုံဆွေးနွေးပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးပွဲများနှင့် ကုန်စည်ထုတ်ကုန်ပစ္စည်းမျိုးစုံ ခင်းကျင်းပြသခြင်းများကို (၃) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအား ရှီလောင်တွင် တည်းခိုနေထိုင်ရေးနှင့် အာသံပြည်နယ်၊ ဂူဟာတီမြို့မှ ရှီလောင်မြို့သို့ အသွား၊ အပြန်၊ သယ်ယူပို့ဆောင်ရေးကိစ္စများကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါ 7th Act East Business Show သို့ ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026