Events
ASEAN Halal Roundtable Dialogue ဆွေးနွေးပွဲ ကျင်းပမည်
Updated At: 2024-11-26 13:06:32
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ASEAN Halal Roundtable Dialogue ကျင်းပမည်ဖြစ်ရာ အဆိုပါ ASEAN Halal Roundtable Dialogue သို့ မြန်မာကိုယ်စားလှယ် ၅ ဦး တက်ရောက်ပေးပါရန် Malaysia Islamic Chamber of Commerce မှ ဖိတ်ကြားလာကြောင်း သိရှိရသည်။
အထက်ပါဖိတ်ကြားစာတွင် အောက်ပါတို့ကို ဖော်ပြထားသည်-
၁။ ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများမှ ကုန်သည်ကြီးများနှင့်စီးပွားရေးကောင်စီများကို ဖိတ်ကြားထားကြောင်း၊
၂။ ဆွေးနွေးပွဲတွင် ဟာလာစားသောက်ကုန်လုပ်ငန်း၏ အဓိကကိစ္စရပ်များနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊
၃။ ဟာလာလုပ်ငန်းနှင့်ပတ်သက်၍ အာဆီယံဈေးကွက်ကို ထိုးဖောက်ရာတွင် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများမှ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အဖြေရှာရန်နှင့် ဟာလာစားသောက်ကုန်လုပ်ငန်း အသိအမှတ်ပြုလက်မှတ် (Halal Certification) ၏ အရေးပါပုံနှင့် တက်ရောက်လာကြသည့် တစ်နိုင်ငံချင်းစီ၏ စိန်ခေါ်မှုများနှင့် အခွင့်အရေးများကို ဆွေးနွေးဖလှယ်ကြမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်သွားမည့် အလားအလာများကို ဆွေးနွေးကြမည်ကြောင်း၊
၄။ တက်ရောက်လာမည့် ကိုယ်စားလှယ်များအနေဖြင့်လည်း ဆွေးနွေးမည့်အကြောင်းအရာများကို ကြိုတင်ပြင်ဆင်လာရန်လည်း လိုအပ်ပါကြောင်း၊
၅။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခြင်းဖြင့် ပိုမိုသင့်လျော်ပြီး ဒေသတွင်းအားလုံးပါဝင်သည့် ဟာလာစီးပွားရေးစနစ်တစ်ခုကို ဖန်တီးရန် အားထုတ်ကြိုးပမ်းမှုများကို ကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊
၆။ ယင်းသို့ပါဝင်ခြင်းအားဖြင့် ဒေသတွင်းဟာလာလုပ်ငန်း လျင်မြန်စွာ ကြီးထွားလာစေရန်နှင့် အာဆီယံနှင့်အခြားနိုင်ငံများအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊
ASEAN Halal Roundtable Dialogue ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်လိုသည့် ကိုယ်စားလှယ်များအနေဖြင့် https://forms.gle/9bijfiXNJDLgftR88 မှတစ်ဆင့် ဝင်ရောက်ဖြည့်စွက်မှတ်ပုံတင်နိုင်ပါကြောင်း၊ အခြားသိရှိလိုသည်များကို ဆက်သွယ်မေးမြန်းလိုပါက တာဝန်ခံ Mr.Firdaus ၊ ဖုန်း +၆၀၁၆-၉၆၁၀၄၇၈ နှင့် Madam Zawiyah ၊ အီးမေးလ် dpimselangor@ gmail.com နှင့် ဖုန်း +၆၀၁၂-၃၁၅၇၃၅၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] တို့သို့လည်း ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ