Events
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် 2024 Beauty Trade Show ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-06-28 11:22:02
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ 2024 Beauty Trade Show ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ 2024 Beauty Trade Show ကို တောင်ကိုရီးယားနိုင်ငံရှိ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs) မှ ထုတ်လုပ်ရောင်းချသော အလှကုန်များကို ခင်းကျင်းပြသမည်ဖြစ်ပါ၍ တောင်ကိုရီးယားနိုင်ငံရှိ နာမည်ကြီး အလှကုန်အမှတ်တံဆိပ်များ မဟုတ်သော်လည်း ပြည်ပတင်ပို့ ရောင်းချနေသည့် အလှကုန်ထုတ်လုပ်တင်ပို့သူများနှင့် နေ့စဉ်လူနေမှုဘဝသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် ဆိုးလ်မြို့မှ လုပ်ငန်းရှင် (၁၅၀) ခန့်မှ ထုတ်လုပ်သည့် ကုန်စည်များ ခင်းကျင်းပြသမည်ဖြစ်ပြီး မြေပြင်တွင် ခင်းကျင်းပြသ၍ အရောင်းအဝယ်ကိစ္စများ ညှိနှိုင်းနိုင်ရုံသာမက အွန်လိုင်းဖြင့် လည်း ဆွေးနွေးပြသရောင်းချနိုင်မည်ဖြစ်သည်။
အဆိုပါပြပွဲသို့ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်များ ပြည်ပနိုင်ငံများဖြစ်သည့် အာဆီယံနိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ မြောက်အမေရိကနှင့် ဥရောပနိုင်ငံများမှ ဝယ်ယူသူများကို ဖိတ်ကြားထားပါကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံမှ အလှကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းနေသည့် မြန်မာနိုင်ငံမှကုမ္ပဏီလုပ်ငန်းရှင်များစာရင်းကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှတစ်ဆင့် Seoul Business Agency (SBA) သို့ ပေးပို့စေလိုပြီး လုပ်ငန်းရှင်များကို SBA မှ တိုက်ရိုက်ဆက်သွယ်ပြီး အွန်လိုင်းဖြင့် ဆွေးနွေးမှုများ ဦးစွာပြုလုပ်မည်ဖြစ်ရာ ယင်းသို့ဆွေးနွေးပြီးနောက် SBA က ဖိတ်ကြားခြင်းခံရသော ကုမ္ပဏီတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးစီတိုင်းအတွက် ဆိုးလ်မြို့ရှိ Dongdaemum Design Plaza (DDP) အနီးရှိ ဟိုတယ် တစ်ခုတွင် (၂) ညတာ တည်းခိုခ အခမဲ့နှင့် လေယာဉ်လက်မှတ်ခကို လုပ်ငန်းရှင်မှ ဦးစွာစိုက်ထုတ် သုံးစွဲခဲ့ရန်လိုပါသည်။ အပြန်ခရီးတွင်လည်း အာရှဒေသမှ လုပ်ငန်းရှင်များ၏ လေယာဉ်လက်မှတ်ခ အတွက် အမေရိကန်ဒေါ်လာ ၄၀၀ ကို ပြန်လည်ထောက်ပံ့ပေးမည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံမှ အလှကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းနေသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီလုပ်ငန်း ရှင်များစာရင်းကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ပေးပို့ရမည် ဖြစ်ပါသည်။ အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail : event.td. [email protected] သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026